ချန်ပီယံလိဂ်မှာ ဟက်ထရစ်သွင်းပြီး စံချိန်တင်ခဲ့တဲ့ ရော်နယ်ဒိုက နောက်ထပ်စံချိန်တစ်ခုကို တင်လိုက်ပြန်ပါပြီ။

play

 

ရော်နယ်ဒိုရဲ့ အင်စတာဂရမ်လူမှုကွန်ယက်အကောင့်ဟာ Followers သန်းတစ်ရာအထိ ရှိလာခဲ့ပြီလို့ သိရပါတယ်။ ကမ္ဘာတစ်လွှား နာမည်ကျော်ကြားသူတွေရဲ့ အင်စတာဂရမ်အကောင့်တွေထဲမှာ ရော်နယ်ဒိုက ရှစ်ယောက်မြောက် Followers အများဆုံး ဖြစ်ပါတယ်။ အားကစားနယ်ပယ်သာမက၊ အနုပညာရှင်နဲ့

ကမ္ဘာတစ်လွှား နာမည်ကျော်သူ အမျိုးသားတွေထဲမှာ ရော်နယ်ဒိုက ပထမဆုံး Follower သန်းတစ်ရာပြည့်သူ အမျိုးသားဖြစ်ပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်အသင်းကစားသမား ရော်နယ်ဒိုက ပြီးခဲ့တဲ့ ယခုတစ်ပတ်ချန်ပီယံလိဂ်ပွဲစဉ်မှာ ဟက်ထရစ်ဂိုး သွင်းယူပြီး မက်ဆီရဲ့ ဟက်ထရစ်စံချိန်ကို လိုက်မီခဲ့ပါသေးတယ်။ ရော်နယ်ဒိုနဲ့ မက်ဆီက ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဟက်ထရစ် ၇ ကြိမ်စီ သွင်းယူထားကြတာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက်လည်း သွင်းဂိုး ၄၀၀ ရှိလာခဲ့ပါပြီ။

play

 

အင်စတာဂရမ်မှာ Followers အများဆုံးရရှိထားသူက အဆိုတော် သရုပ်ဆောင် ဆလီနာဂိုးမက်ဇ် ဖြစ်ပြီး အဆိုတော် အေရီယာနာဂရန်ဒီနဲ့ တေလာဆွစ်က ဒုတိယနဲ့ တတိယ Followers အများဆုံး ဖြစ်ပါတယ်။  စတုတ္ထနေရာမှာတော့ ဘီယွန်းဆေးဖြစ်ပါတယ်။ အင်စတာဂရမ်နဲ့ ဖေ့စ်ဘွတ် လူမှုကွန်ယက် နှစ်မျိုးလုံးမှာ Followers နဲ့ Likes သန်းတစ်ရာပြည့်တဲ့ ပထမဆုံးအကောင့်က ရော်နယ်ဒိုရဲ့ အကောင့်ဖြစ်ပါတယ်။

 

Chat Conversation End

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video