AD
AD
AD

ရီးရဲမက်ဒရစ်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ပြီး အောင်ပွဲခံအပြီးမှာ အနာဂတ်နဲ့ပတ်သက်ပြီး အာမမခံနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

play
ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး အောင်ပွဲခံနေတဲ့ ရော်နယ်ဒို

 

ခရစ်စတီယာနိုရော်နယ်ဒိုက လာမယ့်ရက်ပိုင်းအတွင်းမှာ ပရိသတ်တွေအတွက် အဖြေစကားကို ပြောကြားသွားမယ်လို့ ပြောကြားခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းမှာ ရှိနေရတာ အရမ်းကောင်းမွန်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ပြောစကားဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုအတွက် အချက်ပေးခေါင်းလောင်းသံဖြစ်လာခဲ့ပြီး မော်ရင်ဟိုက ရော်နယ်ဒိုကို အိုးထရက်ဖို့ဒ်ကွင်းထဲ အရောက်ခေါ်ယူချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

play
၅ ကြိမ်မြောက်ချန်ပီယံလိဂ်ဆုဖလားနဲ့အတူ တွေ့ရစဉ်

 

ခရစ်စတီယာနိုရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ၂၀၀၉ ခုနှစ်မှာ ထွက်ခွာခဲ့သူဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ၄ ကြိမ်အထိ ရယူနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ ယမန်နေ့က ရီးရဲမက်ဒရစ်အသင်းရဲ့နည်းပြ ဇီဒန်းရဲ့ အံ့အားသင့်ဖွယ် နှုတ်ထွက်မှုနဲ့အတူ ခရစ်စတီယာနိုရော်နယ်ဒိုလည်း ဘာနေဗျူးကို စွန့်ခွာလိမ့်မယ်လို့ ရီးရဲမက်ဒရစ်နည်းပြဟောင်းတစ်ဦးဖြစ်တဲ့ ဖေဘီယိုကာပယ်လိုက ယုံကြည်နေကြောင်း Daily Express က ရေးသားထားပါတယ်။

play
ရီးရဲဥက္ကဌပီးရက်ဇ်နဲ့ နှုတ်ဆက်ပွဲမှာ တွေ့ရတဲ့ဇီဒန်း

"ဒါက ဇီဒန်းရဲ့ရွေးချယ်မှုပေါ့။ ပြီးတော့ အဲဒါက မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုလို့ ထင်ပါတယ်"

"ဇီဒန်းက သူ့အနေနဲ့ ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်တိုက်သာ မရယူပေးနိုင်ခဲ့ဘူးဆိုရင် ပီးရက်ဇ်က သူ့ကို နည်းပြရာထူးကနေ ထုတ်ပယ်မယ်ဆိုတာကို သိနေခဲ့တယ်။ အဲဒါက အချိန်ရဲ့အရေးပါမှုတွေပေါ့"

"ကျွန်တော့်တုန်းကလည်း အောင်မြင်တဲ့ရာသီတစ်ခုကို ဖြတ်သန်းပြီးတဲ့အချိန်မှာ ရီးရဲမက်ဒရစ်အသင်းကနေ ထုတ်ပယ်ခံခဲ့ရတယ်။ ဇီဒန်းအနေနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို လုပ်နိုင်ခဲ့တယ်ထင်ပါတယ်"

"ရီးရဲမက်ဒရစ်အသင်းနဲ့ပတ်သက်ပြီး ခရစ်စတီယာနိုရဲ့အနာဂတ် ဟုတ်လား။ ခရစ်စတီယာနိုက နည်းပြမော်ရင်ဟိုနဲ့အတူ လက်တွဲဖို့ အိုးထရက်ဖို့ဒ်ကို ပြန်သွားချင်နေတာပါ"

"သူ့အနေနဲ့ အင်္ဂလန်ကို ပြန်သွားဖို့အတွက် ရီးရဲမက်ဒရစ်အသင်းကို နောက်ဆုံးမှာ စွန့်ခွာသွားလိမ့်မယ်လို့ ထင်ပါတယ်။ ဘယ်တော့လဲ။ အဲဒါ ကျွန်တော်လည်း မသိဘူး"

"တကယ်လို့သာ ရော်နယ်ဒို ရီးရဲမက်ဒရစ်ကနေ ထွက်ခွာခဲ့လို့ရှိရင် သူ့နေရာမှာ ရီးရဲမက်ဒရစ်အသင်းက အစားထိုးမှာပဲ။ ရွေးချယ်စရာအနေနဲ့ လီဝန်ဒေါစကီးလည်း ရှိနေတာပဲ"လို့ ပြောကြားခဲ့ပါတယ်။

Photos: Daily Express

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD