AD
AD
AD

အာဂျင်တီးနားကို ၆-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပွဲမှာ စပိန်လက်ရွေးစင်အဖြစ် ပါဝင်ကစားခဲ့တဲ့ ချဲလ်ဆီးနောက်ခံလူ မားကို့စ်အလွန်ဆိုအနေနဲ့ မျိုး ဆက် ၃ ဆက်မြောက် စပိန်အတွက် ကစားပေးတဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

play

 

အကြောင်းကတော့ ၎င်းရဲ့ ဖခင် မားကို့စ်မှာ ဘာစီလိုနာရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့သလို အဘိုးဖြစ်သူမှာလည်း ရီးရဲမက်ဒရစ်အတွက် ကစားပေးခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

play

 

၎င်းအနေနဲ့ စပိန်အတွက် ကစားပေးနိုင်ခဲ့တာကြောင့်လည်း ၇ ယောက်မြောက် တတိယမျိုးဆက်အဖြစ် စပိန်လက်ရွေးစင်အသင်းအတွက် ကစား ပေးသူ ဖြစ်လာတော့တာလည်း ဖြစ်ပါတယ်။

play

 

၁၉၃၃ ခုနှစ်ဖွား မားကို့စ်ရဲ့ အဖိုးမှာ ကစားသမားဘ၀ကို ၎င်းရဲ့ မွေးရပ်မြေအသင်းဖြစ်တဲ့ ရေးဆင်းမှာ စတင်ကစားခဲ့သူလည်း ဖြစ်ပါတယ်။၂ နှစ်ကြာပြီး နောက် ရီးရဲနဲ့တွေ့ဆုံတဲ့ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် သူ့ကို အသင်းက နောက်ထပ်မြင့်မားတဲ့ နေရာတစ်ခုကို ထွက်ခွာခွင့်ပြုဖို့ ဆုံးဖြတ်လိုက် ပါတယ်။

မားကွီးစ်တို့စ်အနေနဲ့ ရီးရဲမက်ဒရစ်အသင်းမှာ ဒီစတီဖာနို၊ပွတ်ရှ်ကတ်တို့နဲ့အတူ အသင်းသမိုင်းတစ်လျှောက် ၅ ကြိမ် ဆက် ချန်ပီယံလိဂ်ကို ရယူခဲ့ရာတွင် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

၁၉၅၉ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ အလွန်ဆိုရဲ့ ဖခင် မားကို့စ်အလွန်ဆို ပီးနားကလည်း မွေးရပ်မြေ ရေးဆင်းကလပ်ကနေပဲ စတင်ခဲ့တာ ဖြစ်ပြီး ၁၉၈၂ မှာတော့ အဆိုပါ ခေတ်က ဈေးအမြင့်ဆုံး ပြောင်းရွှေ့မှုတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့ပြီး အက်သလက်တီကိုအသင်းကနေ ဘာစီလိုနာ အသင်းကို ပေါင် ၈၀၀၀၀၀ နဲ့ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

သားဖြစ်သူ မားကို့စ်အလွန်ဆိုကိုတော့ ၁၉၉၀ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ အသက် ၁၂ နှစ်အရွယ်မှာ ရီးရဲမက်ဒရစ် အကယ်ဒမီကို ရောက်ရှိခဲ့ပြီး ၁၉ နှစ်အရောက်မှာတော့ ဘောလ်တန်အသင်းကို ရောက်ရှိခဲ့ပြီး အဲ့နောက် ဖီအိုရင်တီးနားအသင်းမှာ ဆက်လက်ကစားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ချဲလ်ဆီးအသင်းကို ရောက်ရှိလာခဲ့ပြီး လက်ရှိမှာတော့ စပိန်လက်ရွေးစင်အဖြစ် ကစားနေတာလည်း ဖြစ်ပါတယ်။

Source- The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD