AD
AD
AD

ဘာစီလိုနာအသင်းရဲ့ လူငယ်တိုက်စစ်မှူး အူ့စ်မန်းဒမ်ဘီလီဟာ ပြီးခဲ့တဲ့နွေရာသီက ဒေါ့မွန်အသင်းကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် ကမ္ဘာ့တတိယပြောင်းရွှေ့ကြေးအများဆုံးကစားသမားဖြစ်လာခဲ့သူဖြစ်ပါတယ်။

play

 

အသက် ၂၀ အရွယ်သာရှိသေးတဲ့ ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းကို စတင်ရောက်ရှိပြီး မကြာမီအချိန်အတွင်းမှာပဲ ဒဏ်ရာပြဿနာကြောင့် လအတန်ကြာအနားယူခဲ့ရပြီး အသင်းနဲ့ အံဝင်ခွင်ကျဖြစ်အောင် ရုန်းကန်နေရသူဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ဒေါ့မွန်အသင်းမှာတုန်းကလို စွမ်းဆောင်ရည်မျိုး မပြသနိုင်သေးဘဲ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

play

 

အူ့စ်မန်းဒမ်ဘီလီက မိမိအနေနဲ့ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံမရရှိသေးကြောင်းနဲ့ ဘာစီလိုနာအသင်းကနေ ထွက်ခွာပြီးဘယ်ကိုမှ သွားဖို့ အစီအစဉ်မရှိကြောင်း ပြောကြားခဲ့ပါတယ်။

"ကျွန်တော် အခု ပွဲစဉ်တိုင်းမှာ အကောင်းဆုံးပုံစံမရရှိသေးပါဘူး"

"တဖြည်းဖြည်းချင်း ကျွန်တော့်ရဲ့အကောင်းဆုံးပုံစံ ပြန်ရဖို့ ကြိုးစားနေပါတယ်။ အခု အရမ်းမောပန်းလွယ်နေတဲ့အတွက် လေ့ကျင့်ခန်းတွေ ပိုပြီး လုပ်နေပါတယ်"

"တစ်ရာသီပဲ ကစားပြီး ထွက်ခွာသွားဖို့ မရှိပါဘူး။ ကျွန်တော် ဘာစီလိုနာအသင်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုထားတာပါ။ ဒီမှာ အချိန်အတော်ကြာ ရှိနေဦးမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: SL

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD