AD
AD
AD

ယနေ့နံနက်က ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ် ဘာစီလိုနာအသင်းနဲ့ ရိုးမားအသင်းတို့ရဲ့ပွဲစဉ်မှာ ဘာစီလိုနာအသင်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

ယင်းပွဲစဉ်မှာ စတုတ္ထမြောက်ဦးဆောင်ဂိုးကို ၈၇ မိနစ်မှာ သွင်းယူပေးခဲ့တဲ့ လူးဝစ်ဆွာရက်ဇ်ဟာ ရက်ပေါင်း ၃၉၂ ရက်ကြာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးမသွင်းယူနိုင်ခဲ့တဲ့ ကျိန်စာကို ချေဖျက်နိုင်ခဲ့ပေမယ့် ဂိုးသွင်းယူအပြီး အောင်ပွဲခံရာမှာ ဒေါသတကြီး အောင်ပွဲခံခဲ့တာကြောင့် ပရိသတ်တွေအားလုံး အံ့အားသင့်ခဲ့ရပါတယ်။

play

play

 

ယင်းပွဲစဉ်အပြီးမှာ သတင်းထောက်တွေက လူးဝစ်ဆွာရက်ဇ်ရဲ့ အောင်ပွဲခံပုံနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ လူးဝစ်ဆွာရက်ဇ်က မိမိဂိုးမသွင်းမီ ရိုးမားအသင်းက ချေပဂိုး ၁ ဂိုးပြန်လည်သွင်းယူသွားခဲ့တာကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

"ကျွန်တော် ဒေါသနဲ့ အောင်ပွဲခံခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ကျွန်တော် ဂိုးမသွင်းခင် ချေပဂိုးသွင်းသွားပြီးမှ ကျွန်တော် ဂိုးသွင်းပြီး ၄ ဂိုး ၁ ဂိုးဖြစ်သွားခဲ့တာကြောင့်ပါ"လို့ ရှင်းပြခဲ့ပါတယ်။

play

play

ယင်းပွဲစဉ်မှာ ရရှိခဲ့တဲ့ ရိုးမားအသင်းရဲ့ ကိုယ့်ဂိုးကိုယ်ပြန်သွင်းယူမှုတွေဟာ မိမိတို့အသင်းရဲ့ တိုက်စစ်ကောင်းမွန်မှုကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

"ကျွန်တော်တို့သာ ပင်နယ်တီဧရိယာထဲမှာ ကောင်းမွန်တဲ့ စုဖွဲ့ကစားမှုတွေ မပြုလုပ်နိုင်ခဲ့ဘူးဆိုရင် အဲဒီဂိုးတွေ ဖြစ်လာမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဂိုးသွင်းဖို့ အခွင့်အရေးအများကြီးရခဲ့သလို သူတို့ဂိုးသမားကလည်း အကောင်းဆုံး ကာကွယ်နိုင်ခဲ့တယ်။ ဒီရလဒ်ကတော့ တရားမျှတမှုမရှိပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: SE

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD