စပိန်ဝန်ကြီးချုပ် မာရီရာနိုရာဂျွိုင်းက ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူးနေမာနဲ့ ပတ်သက်ပြီး သူ့ရဲ့ဆန္ဒကို AS နဲ့ပြုလုပ်တဲ့ အင်တာဗျူးအစီအစဉ်မှာပြောကြားသွားခဲ့ပါတယ်။

play

 

ယနေ့ညမှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ပထမအကျော့ပွဲစဉ်အဖြစ် ရီးရဲမက်ဒရစ်အသင်းရဲ့အိမ်ကွင်း ဘာနေဗျူးမှာ ပီအက်စ်ဂျီအသင်းက လာရောက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူးနေမာကို ရီးရဲမက်ဒရစ်အသင်းထံ ပြောင်းရွှေ့မှာကို မကြိုဆိုကြောင်း စပိန်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

play

"ဟင့်အင်း။ ရီးရဲမက်ဒရစ်အသင်းရဲ့ဂျာစီအဖြူရောင်ကို ဝတ်ဆင်ထားမယ့် နေမာကို ကျွန်တော် မတွေ့ချင်ပါဘူး"

"လူတွေက ရှေ့တန်းမှာ ရှိနေတဲ့ အရမ်းကောင်းတဲ့ ကစားသမား ၃ ယောက်လောက်ကို အာရုံစိုက်ကြတာ သဘာဝပါ။ ဒါပေမယ့် သူတို့မှာ ဒီမာရီယာ၊ ဗာရက်တီ၊ ရာဘီးရော့တို့လို အရမ်းကောင်းမွန်တဲ့ လူစာရင်းကို ပိုင်ဆိုင်ထားပါတယ်"
"ကျွန်တော်တို့အနေနဲ့ ကမ္ဘာပေါ်က အကောင်းဆုံး လူစာရင်းကို ပိုင်ဆိုင်ထားတဲ့ အသင်းနှစ်သင်းရဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲစဉ်ကို ကြုံတွေ့ရတော့မှာပါ"လို့ ပြောကြားခဲ့ပါတယ်။

play

 

လက်ရှိချန်ပီယံရီးရဲမက်ဒရစ်အသင်းအနေနဲ့ ချန်ပီယံဆုကို ကာကွယ်သွားရမှာဖြစ်ပြီး ယခုရာသီ လာလီဂါပြိုင်ပွဲမှာ ပြိုင်ဘက် ဘာစီလိုနာအသင်းနဲ့ ၁၇ မှတ်အကွာမှာသာ ရပ်တည်နေရတာဖြစ်ပါတယ်။ စပိန်ဝန်ကြီးချုပ်ဟာ ရီးရဲမက်ဒရစ်အသင်းကို အနှစ်သက်ဆုံးမဟုတ်ကြောင်း ဝန်ခံခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းအနေနဲ့ ကွာတားဖိုင်နယ်အဆင့်လောက်ကို တက်ရောက်နိုင်မယ်လို့ အပြည့်အဝယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video