AD
AD
AD

အီတလီအသင်းရဲ့ဝါရင့်ဂိုးသမားကြီး ဘူဖွန်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားဝင်ခွင့်အတွက် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆွီဒင်အသင်းနဲ့ Play-off ပွဲစဉ်မှာ ၂ ကျော့ပေါင်း ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ကမ္ဘာ့ဖလားဝင်ခွင့်နဲ့လွဲချော်ခဲ့တာကြောင့် လက်ရွေးစင်အသင်းကနေ အနားယူကြောင်း ကြေညာခဲ့သူဖြစ်ပါတယ်။

play

 

ဒါပေမယ့် ယနေ့ညမှာ အာဂျင်တီးနားအသင်းနဲ့ ချစ်ကြည်ရေးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်အတွက် အီတလီအသင်းရဲ့ပဏာမ လူစာရင်းမှာ ဂျူဗင်တပ်အသင်းရဲ့ဝါရင့်ဂိုးသမားကြီး ဘူဖွန် အံ့အားသင့်ဖွယ် ပြန်လည်ပါဝင်နေခဲ့ပါတယ်။ ယင်းကိစ္စနဲ့ပတ်သက်ပြီး ဘူဖွန်က မိမိအနေနဲ့ လက်ရွေးစင်အသင်းနဲ့ပြန်လည်ပူးပေါင်းခဲ့တာဟာ ယခုလအစောပိုင်းက ကွယ်လွန်သွားတဲ့ အီတလီအသင်းဖော် အက်စတိုရီကို ဂုဏ်ပြုတဲ့အနေနဲ့ ပြန်လည်ကစားပေးခဲ့တာဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ ဘူဖွန်အနေနဲ့ ချစ်ကြည်ရေးပွဲစဉ်အဖြစ် ကစားရမယ့် အာဂျင်တီးနားအသင်း၊ အင်္ဂလန်အသင်းတို့နဲ့ပွဲစဉ်မှာ ပါဝင်ပြီး အက်စတိုရီအတွက် ဂုဏ်ပြုတာဟာ အကောင်းဆုံးနည်းလမ်းလို့ ယုံကြည်နေတာဖြစ်ပါတယ်။

"ကျွန်တော် ဒီမှာရှိနေရတဲ့အကြောင်းအရင်းက အက်စတိုရီအတွက်ပါပဲ။ ကျွန်တော်ကိုယ်တိုင် ပါဝင်ပြီး ဒီခံစားချက်ကို တုံ့ပြန်ချင်လို့ပါ"

"ကျွန်တော် ဒီမှာရှိနေတာ ဘာကြောင့်လဲဆိုတော့ သူတို့အမြဲပြောနေကြစကားအတိုင်း တာဝန်ယူချင်စိတ် အမြဲရှိတဲ့ လူတစ်ယောက်ဖြစ်နေလို့ပါ"

"ဒီဘီရာဂျိုက ကျွန်တော့်အပေါ် အရမ်းကိုကောင်းပါတယ်။ ပြီးတော့ သူတို့မှာ လိုအပ်တဲ့နေရာတွေရှိနေမှာပဲ။ အဲဒီနှစ်ချက်နဲ့တင် ကျွန်တော့်အတွက် ပြန်လာဖို့ လုံလောက်နေပါပြီ။ ဘာတွေများ လိုသေးလို့လဲ"လို့ ပြောကြားခဲ့ပါတယ်။

play

 

ဘူဖွန်ဟာ အီတလီလက်ရွေးစင်အသင်းနဲ့အတူ ၂၀၀၆ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ကစားသမားဖြစ်ပြီး ဗိုလ်လုပွဲမှာ ပြင်သစ်အသင်းနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ အကောင်းဆုံးလက်စွမ်းပြကာကွယ်ပေးခဲ့သူဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD