AD
AD
AD

ယနေ့နံနက်က ဂျူဗင်တပ်အသင်းနဲ့ ပွဲစဉ်မှာ ရီးရဲမက်ဒရစ်အသင်းရဲ့တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဒုတိယဂိုးကို နောက်ပြန်ကန်ချက်နဲ့ လှလှပပ သွင်းယူခဲ့တာဖြစ်ပါတယ်။

play

ရော်နယ်ဒိုရဲ့ယင်းဂိုးကြောင့် ဂျူဗင်တပ်ပရိသတ်တွေတောင် အံ့အားသင့်ခဲ့ကြပြီး လက်ခုပ်တီးဂုဏ်ပြုခဲ့ကြပြီး နည်းပြဇီဒန်းကလည်း အံ့အားသင့်တဲ့အမူအရာကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် အယ်လ်အေဂလက်ဆီအသင်းကို မကြာသေးမီကမှ ပြောင်းရွှေ့သွားခဲ့တဲ့ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝါရင့်တိုက်စစ်မှူး ဇလာတန်အီဘရာဟီမိုဗစ်ကတော့ အထင်ကြီးခြင်းမရှိဘဲ သရော်သလို ပြောကြားခဲ့ပါတယ်။

play

 

"အဲဒီဂိုးက ကောင်းမွန်တဲ့ဂိုးတစ်ဂိုးပါ။ ဒါပေမယ့် သူ့အနေနဲ့ မီတာ ၄၀ လောက်ကနေ ကန်ကြည့်သင့်တယ်"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

play

 

ယင်းပြောကြားချက်ဟာ အင်္ဂလန်အသင်းနဲ့ပွဲစဉ်တုန်းက မီတာ ၄၀ ကနေ မြေမကျနောက်ပြန်ကန်ချက်နဲ့ သွင်းယူခဲ့တာကို အီဘရာဟီမိုဗစ်က ရည်ညွှန်းပြီး ပြောကြားလိုက်တာဖြစ်ပါတယ်။ အီဘရာဟီမိုဗစ်ဟာ ပြီးခဲ့အပတ်က လော့အင်ဂျလိစ်အသင်းနဲ့ပွဲစဉ် ဒုတိယပိုင်းမှာ လူစားဝင် ကစားခဲ့ပြီး အယ်လ်အေဂလက်ဆီအသင်းကို အရှုံးကနေ အနိုင်ရလဒ်ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD