play


ရီးရဲမက်ဒရစ်အသင်းရဲ့တောင်ပံကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ ဆုဖလားစင်မှာထားဖို့အတွက် နောက်ထပ်ဆုတံဆိပ်တစ်ခု ထပ်မံရရှိခဲ့တာ ဖြစ်ပါတယ်။ IFFHS (International Federation of Football History and Statistics) ကနေ ချီးမြှင့်တဲ့ ၂၀၁၆-၁၇ ဘောလုံးရာသီအတွက် ကမ္ဘာ့အကောင်းဆုံး ဂိုးသွင်းရှင်ဆုကို တတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။

play


ခရစ်စတီယာနိုရော်နယ်ဒိုဟာ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီမှာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းတို့အတွက် ဂိုးတွေသွင်းယူပေးခဲ့တာဖြစ်ပြီး မက်ဆီ နဲ့ ကာဗာနီတို့ကို ကျော်ဖြတ်ပြီး အဆိုပါဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

play

 

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲမက်ဒရစ်အသင်းအတွက် ၄၄ ပွဲပါဝင်ကစားပေးခဲ့ပြီး ၄၂ ဂိုးသွင်းယူနိုင်ခဲ့သလို အသင်းဖော်တွေ ဂိုးရရှိအောင် ၁၄ ကြိမ်အထိ ဖန်တီးပေးခဲ့ပါတယ်

Postby

 

နိုင်ငံအသင်းအတွက်လည်း ၁၃ ပွဲပါဝင်ကစားပေးခဲ့ပြီး ၁၃ ဂိုးသွင်းယူပေးခဲ့သလို ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်နိုင်ခဲ့တဲ့အတွက် ယခုလို ဆုချီးမြှင့်ခံခဲ့ရတာဖြစ်ပါတယ်။

 

Source & Photos: Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video