AD
AD
AD

ဘာစီလိုနာအသင်းရဲ့ကွင်းလယ်ကစားသမား ကော်တင်ဟိုဟာ စနေနေ့မှာ ဆီဗီလာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲစဉ်အတွက် စိုးရိမ်ပူပန်နေကြောင်း ပြောကြားခဲ့ပါတယ်။

play

 

လီဗာပူးအသင်းမှာ ၅ နှစ်ကြာကစားခဲ့တဲ့ ကော်တင်ဟိုဟာ ဆုဖလားတစ်ခုမှ ကိုင်မြှောက်နိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ပြီးနောက် ပထမဆုံး ဗိုလ်လုပွဲစဉ်မှာ ပါဝင်ကစားရမှာဖြစ်တဲ့အတွက် စိုးရိမ်နေကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

"နည်းနည်းတော့ စိုးရိမ်ပူပန်မိပါတယ်"

"ဒီကို ရောက်ပြီး ၃ လအကြာမှာ ဗိုလ်လုပွဲကစားရတဲ့အတွက် အရမ်းကို ပျော်ရွှင်နေမိပါတယ်။ ဒါက အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲပါ"

"ပွဲမတိုင်မီ ရက်အနည်းငယ်ကတည်းက အဲဒီပွဲစဉ်အကြောင်း စဉ်းစားလိုက်တာနဲ့ စိုးရိမ်ပူပန်နေမိပါတယ်"

"အရမ်းခက်ခဲတဲ့ ဗိုလ်လုပွဲတစ်ပွဲဖြစ်မှာပါ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်အတိုင်း ရရှိအောင် ကြိုတင်ပြင်ဆင်ထားပါတယ်။ ဒီဗိုလ်လုပွဲကို စိတ်အားထက်သန်စွာနဲ့ ကစားဖို့အတွက် ဒီနေရာကို ရောက်လာတာပါ။ ဆုဖလား ကိုင်မြှောက်နိုင်ဖို့ပေါ့။ ဒါက ကျွန်တော့်ရဲ့ပထမဆုံးအခွင့်အရေးပါ"

"ကျွန်တော်တို့အပေါ်မှာ မူတည်နေတဲ့အတွက် ကျွန်တော် လုပ်နိုင်သမျှ အရာအားလုံးလုပ်သွားမှာပါ။ အဲဒါဆို အရမ်းကို ကောင်းမွန်တဲ့ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

play

 

ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းကို စတင်ရောက်ရှိချိန်ကတည်းက ယနေ့အထိ ၁၆ ပွဲပါဝင်ကစားပေးထားပြီး သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD