AD
AD
AD

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့နည်းပြ ပေါ့ချက်တီနိုဟာ ယနေ့မှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့စာအုပ်မိတ်ဆက်ပွဲအတွက် စပိန်နိုင်ငံကို ရောက်ရှိနေသူဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ဖို့ မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

play

 

ပေါ့ချက်တီနိုက ရီးရဲမက်ဒရစ်အသင်းရဲ့နည်းပြဖြစ်ခွင့်ရမယ့်အခွင့်အရေးကို ငြင်းပယ်ဖို့ မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပြီး တကယ်လို့ တရားဝင်ကမ်းလှမ်းခံခဲ့ရမယ်ဆိုရင် ငြင်းပယ်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းရဲ့နည်းပြဇီဒန်းဟာ အသင်းကို ၃ နှစ်ဆက်တိုက် ချန်ပီယံလိဂ်ဖလား ရရှိအောင် စွမ်းဆောင်ပေးပြီး ၅ ရက်အကြာမှာ အသင်းကနေ ရုတ်တရက်နှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

play

 

"ခင်ဗျားက ရီးရဲမက်ဒရစ်ရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ဖို့ မဖြစ်နိုင်ဘူးလို့ ထင်လိမ့်မယ်။ ဒါပေမယ့် ကျွန်တော်က ခင်ဗျားမဟုတ်ဘူး"

"အခု ကျွန်တော့်သူငယ်ချင်းတွေနဲ့ နေ့လည်စာအတူစားဖို့ အဆင်သင့်ဖြစ်နေပြီ"

"ကျွန်တော် အဆင်သင့်ဖြစ်နေပါပြီ။ လန်ဒန်ကို ပြန်ဖို့ စိတ်လှုပ်ရှားနေပါပြီ။ ကျွန်တော်တို့ လုပ်ထားတဲ့စီမံကိန်းက စိတ်လှုပ်ရှားစရာကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် အခုက ဒီမှာပါ။ အရေးအကြီးဆုံးအရာကတော့ မှတ်တမ်းမှတ်ရာပါပဲ"

"ဟုတ်တာပေါ့။ ကျွန်တော် ကမ္ဘာတစ်လွှားက ကောလာဟလတွေနဲ့ပတ်သက်ပြီး နားလည်ပါတယ်။ ဒါပေမယ့် အဲဒါက ကျွန်တော်တို့ရဲ့ ဘဝပဲလေ။ ကျွန်တော်တို့ ရွေးချယ်ခဲ့တဲ့ အားကစား၊ ပြီးတော့ လူတိုင်းကို ဘာသာပြန်ပေးနိုင်တဲ့ စိတ်ပြင်းပြမှုပဲ"

"ဒီမှာ၊ ကျွန်တော် အခု ပျော်ရွှင်နေပါတယ်။ အရမ်းလည်း စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော် စာချုပ်သစ် ချုပ်ဆိုခဲ့တာ ပြီးခဲ့တဲ့ ၁၀ ရက်လောက်ကပါ။ မနက်ဖြန် ဘာတွေ ဖြစ်လာမှာလဲ ကျွန်တော် မသိဘူး။ ဒါပေမယ့် အမြဲတမ်းလိုလို ခင်ဗျားကို ပြောခဲ့တာက ဘောလုံးက ဘောလုံးပဲ။ ဘောလုံးက ခင်ဗျားရှိရမယ့်နေရာကို အမြဲတမ်းရှိနေအောင် လုပ်ပေးပါလိမ့်မယ်"

"ကျွန်တော် ထင်တာက ခင်ဗျားကို အရင်က ရှင်းပြဖူးသလိုမျိုးပဲ။ အရေးကြီးဆုံးအရာက တစ်နေ့ပြီးတစ်နေ့ ပျော်ရွှင်နေဖို့ပဲ။ ဘဝဆိုတာ တိုတိုလေးပါဗျာ။ ကျွန်တော်တို့အနေနဲ့ တစ်နေ့တာကို ပျော်ရွှင်စရာတွေကို တွေးရင်းပဲ ကုန်ဆုံးသင့်ပါတယ်။ အများကြီးမတွေးနဲ့၊ မနက်ဖြန်ဘာဖြစ်မလဲဆိုတာလည်း တွေးပြီး စိတ်မပူပါနဲ့"

"ကျွန်တော် တော့တင်ဟမ်မှာ ပျော်ရွှင်နေတယ်။ တော့တင်ဟမ်နဲ့ ဒန်နီလီဗိုင်းက ကတိကဝတ်နဲ့ ယုံကြည်မှုတွေကို လွန်ခဲ့တဲ့ ၁၀ ရက်လောက်က ပြသတာခံခဲ့ရတဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်"

"မှန်တာပေါ့။ ကျွန်တော်တို့မှာ အိပ်မက်တွေရှိတယ်။ ရည်မှန်းချက်တွေလည်း အများကြီးရှိတယ်။ ဒါပေမယ့် အရေးကြီးဆုံးအချက်က ဒီနေ့မှာ ပျော်ရွှင်နေဖို့ပဲ"

"ပြီးခဲ့တဲ့နာရီအနည်းငယ်က ဖြစ်ခဲ့တဲ့အရာတွေက ကျွန်တော့်ကို ကမ်းလှမ်းတဲ့နေရာအတွက် မျှော်လင့်ချက်တွေအများကြီး တိုးတက်လာစေခဲ့ပါတယ်။ ဒါပေမယ့် ခင်ဗျားကို ကျွန်တော် ပြောနိုင်တာကတော့ လန်ဒန်မှာ ကျွန်တော် ပျော်ရွှင်နေပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Photos: Fotmob

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD