AD
AD
AD

ရီးရဲမက်ဒရစ်အသင်းဟာ လာမယ့်နွေရာသီမှာ အသင်းရဲ့ ဝေးလ်တောင်ပံ ကစားသမား ဂါရတ်ဘေးလ်ကို ရောင်းထုတ်သွားတော့မယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။

play

 

ယင်းကဲ့သို့ သတင်းထုတ်ပြန်ထားရမှာလည်း ဂါရတ်ဘေးလ်ရဲ့ ပြောင်းရွှေ့ကြေးအတွက် အနည်းဆုံး ယူရို သန်း ၁၀၀ (ပေါင် ၈၈ သန်း) အလိုရှိ နေတာလည်း ဖြစ်ပါတယ်။

play

 

ဒါကြောင့်လည်း ကလပ်အသင်းတွေအနေနဲ့ ဂါရတ်ဘေးလ်ကို ခေါ်ယူချင်ပါက အနည်းဆုံး ယူရို သန်း ၁၀၀ သုံးစွဲဖို့ လိုအပ်နေတာ ဖြစ်ပြီး ယင်း ပမာဏထက်နည်းတဲ့ ပမာဏအပေါ်မှာတော့ ရီးရဲအသင်းက ဆွေးနွေးသွားမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂါရတ်ဘေးလ်ဟာ ရီးရဲအသင်းမှာ ဒဏ်ရာပြဿနာတွေ မကြာခဏ ကြုံတွေ့နေရတာကြောင့် ပွဲထွက်ခွင့်များ ပျောက်ဆုံးနေခဲ့ရတာလည်း ဖြစ်ပါတယ်။

၎င်းကို ခေါ်ယူလိုနေတဲ့အသင်းကတော့ မန်ယူအသင်းဖြစ်ပြီး နည်းပြ မော်ရင်ဟိုအနေနဲ့လည်း ၎င်းကိုစောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ဘေးလ်မှာ လက်ရှိမှာတော့ တရုတ်ဖိတ်ခေါ်ဖလား ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ထားပြီး ခြေစွမ်းပိုင်းအပေါ် မော်ရင်ဟိုက စောင့်ကြည့်နေတာ လည်း ဖြစ်ပါတယ်။

၎င်းအတွက် သုံးစွဲရမယ့် ပမာဏမှာလည်း ယူရို သန်း၁၀၀ ခန့်ရှိတာကြောင့် မော်ရင်ဟိုအနေနဲ့ ၎င်းကိုခေါ်ယူနိုင်ဖို့အတွက် အသင်းမှ ကစားသ မားအချို့ကို ရောင်းထုတ်မှု ပြုဖို့လည်း ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်ထားပါတယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD