AD
AD
AD

ပြီးခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ်အတွင်း ကလပ်အသင်းပွဲစဉ်တွေကို ခတ္တရပ်နားထားခဲ့ပြီး နိုင်ငံတကာ ခြေစမ်းပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားစေခဲ့ တာ ဖြစ်ပါတယ်။

ယင်းကဲ့သို့ နိုင်ငံတကာပွဲစဉ်များကစားဖို့အတွက် ရီးရဲအသင်းဟာလည်း အခြားအသင်းများနည်းတူ ကစားသမားတွေကို နိုင်ငံကိုယ်စီကို ပြန် လည်စေလွှတ်ပေးခဲ့ရပါတယ်။

play

 

၎င်းတို့အသင်းမှာ ယခုနိုင်ငံတကာပွဲကစားဖို့အတွက် စေလွှတ်ပေးခဲ့ရတဲ့ ကစားသမား ၂၀ ကျော်အထိ ရှိခဲ့တာလည်း ဖြစ်ပါတယ်။

play

 

အဆိုပါ ကစားသမားတွေထဲက နိုင်ငံ ၇ နိုင်ငံက ကစားသမားတွေကတော့ ခြေစမ်းပွဲနှစ်ပွဲစလုံးမှာ မိနစ်ပြည့်(၁၈၀) မိနစ်အထိ ကစားခဲ့ကြရပြီး စပိန်ကစားသမားသမားတွေဖြစ်တဲ့ ကာဗာဂျယ်နဲ့ ရာမို့စ်၊ကော်စတာရီကာ ဂိုးသမား ကီလာနာဗက်၊ဘရာဇီးက မာဆယ်လိုနဲ့ ကက်စမီရိုလ်၊ဂျာမ နီက တိုနီခရူးစ်နဲ့ စပိန် ယူ-၂၁ က ဆီဘယ်လော့စ်တို့ပဲ ဖြစ်ပါတယ်။

play

 

အခြားသော ကစားသမားများစွာကိုလည်း ရီးရဲမက်ဒရစ်အသင်းက စေလွှတ်ထားခဲ့ရပြီး အဆိုပါ ကစားသမားတွေကတော့ ခြေစမ်းပွဲ ၂ ပွဲကာလ မှာ နိုင်ငံအသင်းနဲ့အတူ ပွဲချိန်ပြည့် မကစားခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကစားသမား စုစုပေါင်းရဲ့ နာရီတွေကို ချိန်ညှိပြီး ၎င်းတို့ အားလုံး ခရီးနှင်ခဲ့ကြတဲ့ အကွာအဝေးစုစုပေါင်းကို တွက်ချက်ထားရာ မှာတော့ ကီလိုမီတာပေါင်း ၁၂၇၆၁၇ ကို ဖြတ်သန်းခဲ့ကြရတယ်လို့ သိရပါတယ်။

ရီးရဲအသင်းရဲ့ တိုက်စစ်မှူး ဘန်ဇီးမားကတော့ နိုင်ငံအသင်းမှ အရွေးချယ်မခံရတာကြောင့် အသင်းရဲ့ လေ့ကျင့်ခန်းမှာပဲ အချိန်ကုန်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ နိုင်ငံတကာ ခြေစမ်းပွဲများအပြီး ကလပ်အသင်းရဲ့ပုံမှတ် လိဂ်ပွဲစဉ်များ ပြန်လည်စတင်တော့မှာ ဖြစ်တာကြောင့် ကစားသမား ကိုယ်စီ မိခင်ကလပ်အသင်းထံ ပြန်လာနေကြပြီလည်း ဖြစ်ပါတယ်။

ဒီအချိန်မှာတော့ ရီးရဲမက်ဒရစ်အသင်းဟာ လာမယ့် ဧပြီလအတွင်း ပွဲကြပ်ကာလနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပြီး ၁၉ ရက်အတွင်း ၆ ပွဲအထိ ကစားရ ဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်တွေကတော့ ဂျူဗင်တပ်အသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်အပါအ၀င် လာလီဂါ အမှတ်ပေးပွဲစဉ်များပင် ဖြစ်ပါတယ်။

ရီးရဲအတွက် ယခုနှစ်မှာ တစ်ခုတည်းသော မျှော်လင့်ချက် ချန်ပီယံလိဂ် ဆုဖလားအတွက် မဖြစ်မနေ အနိုင်ကစားဖို့လိုအပ်နေတာ ဖြစ်သလို အမှတ်ပေးဇယားအဆင့် ၃ မှာရပ်တည်နေပြီး လာမယ့် နှစ် ချန်ပီယံလိဂ် ၀င်ခွင့်သေချာစေဖို့အတွက်လည်း ကြိုးစားဖို့ လိုအပ်နေတာ ဖြစ်ပါ တယ်။

ဒီအချိန်မှာ အသင်းရဲ့ ပထမပွဲထွက်စာရင်းမှာ ထည့်သွင်းခြင်းခံထားရတဲ့ ကစားသမား ၂၄ ဦးဟာ နိုင်ငံနဲ့အတူ စုစုပေါင်း ၈၃၂၁ မိနစ် အထိ ကစားခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံပွဲတွေကို မိုင်ပေါင်းများစွာ ခရီးနှင်ပြီး ပြန်လာကြမယ့် ကစားသမားတွေနဲ့အတူ ရီးရဲ အသင်း ဧပြီလ ပွဲကြပ်ကာလကို ဘယ်လို ရင်ဆိုင် ဖြတ်သန်းမလဲဆိုတာကလည်း နည်းပြ ဇီဒန်းအတွက် အကြပ်ရိုက်စရာ အဖြစ်ရှိနေတာလည်း ဖြစ်ပါတယ်။

Source- AS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD