AD
AD
AD

ဥရောပ ချန်ပီယံလိဂ် ၈ သင်းအဆင့် မဲခွဲပွဲကိုတော့ မနေ့က ညနေပိုင်းက ဆွစ်ဇာလန် နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့ပြီး အင်္ဂလန် နှစ်သင်းဖြစ်တဲ့ လီ ဗာပူးနဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။

play

 

ယင်းကဲ့သို့ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး လီဗာပူးနည်းပြ ဂျာဂျင်ကလော့ပ်က မန်ယူပရိသတ်တွေကို စနောက်ပြောဆိုမှုတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။

play

 

"ဒီလို မဲခွဲရလဒ်က မန်ယူပရိသတ်တွေ အပျော်ဆုံး ဖြစ်ပါလိမ့်မယ်။ဘာလို့လဲဆိုတော့ ဒီအဆင့်မှာ အင်္ဂလန်အသင်းတစ်သင်းကတော့ သေချာ ပေါက် ကျန်ရစ်ခဲ့တော့မှာလေ။" လို့ ကလော့ပ်က ပြောခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးနဲ့ လီဗာပူးမှာ ၁၆ သင်းအဆင့်မှာ ကိုယ်စီ သက်တောင့်သက်သာ အနိုင်ယူပြီး ယခုအဆင့်ကို တက်ရောက်ခဲ့ပေမယ့်လည်း မန်ယူက တော့ ဆီဗီလာကို အိမ်ကွင်းမှာ ၂-၁ ဂိုးနဲ့အရေးနိမ့်ပြီး ထွက်ခဲ့ရတာကြောင့် ဂျာဂျင်ကလော့ပ်က အခုလို လီဗာပူး-မန်စီးတီး တွေ့ဆုံမှုအပေါ် မန် ယူပရိသတ်တွေ ကြိတ်ပျော်နေလိမ့်မယ်လို့ လှောင်ပြောင်ခဲ့တာလည်း ဖြစ်ပါတယ်။

အခြားသော ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် ဘာစီလိုနာအသင်းက ရိုးမားအသင်းနဲ့လည်းကောင်း၊ဘိုင်ယန်မြူးနစ်အသင်းက ဆီဗီလာအသင်းနဲ့ လည်းကောင်း၊ဂျူဗင်တပ်အသင်းက ရီးရဲမက်ဒရစ်အသင်းနဲ့လည်းကောင်း၊အသီးသီးထိပ်တိုက်တွေ့ဆုံနေပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD