AD
AD
AD

ယနေ့ည(မြန်မာစံတော်ချိန် ကြာသပတေးနေ့နံနက် ၁ နာရီ ၁၅ မိနစ်)မှာ ဘာစီလိုနာအသင်းနဲ့ ရိုးမားအသင်းတို့ဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

play

 

ဘာစီလိုနာအသင်းဟာ ယခုရာသီမှာ အကောင်းဆုံးပုံစံရရှိနေပြီး လာလီဂါမှာ ရှုံးပွဲမရှိသေးတဲ့တစ်ခုတည်းသော အသင်းဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းအနေနဲ့ ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲကိုလည်း ကစားရဖို့ရှိနေပြီး ဘာစီလိုနာအသင်းရဲ့ နောက်ခံကစားသမား ဂျော်ဒီက မိမိတို့ အသင်းအနေနဲ့ ယခုနှစ်မှာလည်း ၂၀၁၄-၂၀၁၅ ဘောလုံးရာသီကလို ဖလား ၃ လုံးရယူဖို့ ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ချန်ပီယံလိဂ်အုပ်စု(ဂ)ကနေ အုပ်စုဗိုလ်အဖြစ် တက်ရောက်လာတဲ့ ရိုးမားအသင်းကို လျှော့တွက်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

play

"အဲဒီအချိန်တွေတုန်းက ကျွန်တော့်ရဲ့ခံစားချက်က ပိုလို့တောင် ကောင်းနေခဲ့ပါတယ်"

"ဒီနှစ်မှာလည်း အဲဒီတုန်းကလို နောက်တစ်ခါ ဖလား ၃ လုံးရနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ကောင်းမွန်တဲ့ လမ်းကြောင်းတစ်ခုတည်းပေါ်မှာတင် ရှိနေတာမကဘဲ ပြိုင်ပွဲ ၃ ခုစလုံးမှာ အမြင့်ဆုံးအဆင့်မှာရောက်ရှိအောင် တည်တည်ငြိမ်ငြိမ်နဲ့ စွမ်းဆောင်ထားနိုင်လို့ပါ"

"အဝတ်လဲခန်းထဲမှာတော့ ဘယ်သူမှ ဖလား ၃လုံးယူမယ့်အကြောင်း မပြောကြပါဘူး။ ဒါပေမယ့် အဲဒါက ကျွန်တော်တို့ပရိသတ်တွေအတွက် မျှော်လင့်ချက်တစ်ခုဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့အတွက်လည်း အတူတူပါပဲ။ ဒါပေမယ့် ပြိုင်ပွဲက အဝေးကြီးလိုပါသေးတယ်"

"ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ လူစာရင်းရှိနေပြီး ပုံမှန်ခြေစွမ်းသာရှိနေမယ်ဆိုရင် ဘယ်ပြိုင်ဘက်ကိုမဆို အနိုင်ယူနိုင်တယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ခုတွေ့ဆုံရမှာက အက်သလက်တီကို၊ ချယ်ဆီးအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာတောင် အုပ်စုဗိုလ်အဖြစ်နဲ့ တက်ရောက်လာနိုင်ခဲ့တဲ့ ရိုးမားအသင်းနဲ့ပါ"

"ကျွန်တော်တို့ကို ဒုက္ခပေးနိုင်မယ်ဆိုတာ သေချာသိနေပါတယ်။ ဒါပေမယ့် ပရိသတ်တွေ ကျွန်တော်တို့နောက်ကနေ အားပေးနေမယ်ဆိုရင် အဲဒါက လုံးဝအကူအညီဖြစ်စေမယ်ဆိုတာ သေချာပါတယ်"

"ဘာစီလိုနာအသင်းက တိုက်စစ်ပဲကစားမယ်ဆိုတာ ကျွန်တော်တို့ အားလုံးလည်း သိနေပြီးသားပါ။  လုံးဝ ကွဲပြားခြားနားတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD