AD
AD
AD

စီးရီးအေထိပ်သီးအသင်းကြီးတစ်သင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်းဟာ လာမယ့်နွေရာသီမှာ အသင်းရဲ့တိုက်စစ်ကို အားဖြည့်နိုင်ဖို့အတွက် ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူး ကာဗာနီနဲ့ အက်သလက်တီကိုအသင်းရဲ့တိုက်စစ်မှူး ဂရစ်ဇ်မန်းတို့ကို ပစ်မှတ်ထားနေကြောင်း သိရပါတယ်။

play

 

ဂျူဗင်တပ်အသင်းဟာ ကာဗာနီနဲ့ ဂရစ်ဇ်မန်းတို့ နှစ်ဦးထဲက တစ်ဦးကို လာမယ့်နွေရာသီမှာ အရခေါ်ယူသွားမှာဖြစ်ပြီး လာမယ့်ရာသီအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဂရစ်ဇ်မန်းအနေနဲ့ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့နိုင်ခြေရှိနေပြီး ကာဗာနီကတော့ နေမာနဲ့ အသင်းမှာ ဆက်ဆံရေးမပြေမလည်ဖြစ်နေတာကြောင့် အသင်းပြောင်းရွှေ့နိုင်ခြေပိုမိုများပြားနေတာဖြစ်ပါတယ်။

play

 

ယင်းတိုက်စစ်မှူးနှစ်ဦးစလုံးဟာ ယခုရာသီမှာ အကောင်းဆုံးပုံစံရရှိနေပြီး ဂရစ်ဇ်မန်းဟာ ၁၇ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်ထားသလို ကာဗာနီကလည်း လီဂူးဝမ်းမှာ ၂၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်ထားပါတယ်။

play

 

ဂျူဗင်တပ်အသင်းဟာ ခံစစ်အတွက်လည်း အသက်အရွယ်အရ ကစားအားကျဆင်းနေပြီဖြစ်တဲ့ နောက်တန်းကို အပြောင်းအလဲပြုလုပ်ဖို့အတွက် ဒေါ့မွန်အသင်းက ဆိုခရေးတစ်ပါပါစတာသိုပူးလော့စ်ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD