AD
AD
AD

ယနေ့နံနက်က ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ရီးရဲမက်ဒရစ်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ပွဲစဉ်မှာ ရီးရဲမက်ဒရစ်အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဖလားကို ၃ ကြိမ်ဆက်ရယူနိုင်ခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် စံချိန်သစ်ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။

play

play

 

ရီးရဲမက်ဒရစ်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ပွဲစဉ် ပထမပိုင်းမှာ လီဗာပူးအသင်းက ၃၁ မိနစ်အထိ တိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး မိုဟာမက်ဆာလာ ဒဏ်ရာကြောင့် ကွင်းထဲကနေ ထွက်ခွာချိန်ကစပြီး ရီးရဲမက်ဒရစ်အသင်းရဲ့ ကစားကွက်အောက်ကို အလိုလိုရောက်ရှိသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ရီးရဲမက်ဒရစ်အသင်းကသာ တစ်ဖက်သတ်တိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး ၅၁ မိနစ်မှာ လီဗာပူးအသင်းဂိုးသမား ကားရီးယပ်စ်က ဘောလုံးကို နောက်ခံကစားသမားကို ပေးပို့ရာမှာ အာရုံစူးစိုက်မှုနည်းပါးခဲ့တာကြောင့် အနီးအနားမှာရှိနေတဲ့ ဘန်ဇီးမားက ဘောလုံးကို ကြားဖြတ်တားဆီးနိုင်ခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

play

 

လီဗာပူးအသင်းဟာ ၅၅ မိနစ်မှာ လော့ဗ်ရန်ရဲ့ပေးပို့မှုကနေတစ်ဆင့် မာနေးကန်သွင်းယူခဲ့တဲ့ချေပဂိုး ရရှိခဲ့ပြီးနောက် မျှော်လင့်ချက်ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ ၆၁ မိနစ်မှာ အစ်စ်ကိုကို ထုတ်ပြီး ဂါရတ်ဘေးလ်ကို နည်းပြဇီဒန်းက ထည့်သွင်းခဲ့ပြီး BBC တိုက်စစ်တွဲကို အသက်သွင်းခဲ့ပါတယ်။ ၆၄ မိနစ်မှာ မာဆယ်လိုရဲ့ထောင့်ဖြတ်ကန်တင်ပေးလိုက်တဲ့ဘောလုံးကို လူစားဝင်ကစားခဲ့တဲ့ ဂါရတ်ဘေးလ်က နောက်ပြန်ကန်ချက်နဲ့ လှလှပပသွင်းယူပေးခဲ့ပါတယ်။

play

 

၈၃ မိနစ်မှာ ဂါရတ်ဘေးလ်က အမှတ်မထင် အဝေးက ကန်သွင်းလိုက်တဲ့ဘောလုံးကို လီဗာပူးဂိုးသမား ကားရီးယပ်စ်က အမိဖမ်းဖို့ ကြိုးစားခဲ့ရာမှာ တိကျသေသပ်ခြင်းမရှိတာကြောင့် ချော်ပြီး ဂိုးဝင်သွားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ဂိုးသမား ကားရီးယပ်စ်ရဲ့အမှား ၂ ခုကြောင့် ၆ ကြိမ်မြောက် ချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက်ဝေးကွာခဲ့ရတာဖြစ်ပြီး အသင်းရဲ့အရန်အင်အားမတောင့်တင်းမှုကို မီးမောင်းထိုးပြသလိုဖြစ်ခဲ့ပါတယ်။

play

play

play

 

ပွဲအပြီးမှာတော့ လီဗာပူးအသင်းရဲ့ဂိုးသမားကားရီးယပ်စ်ဟာ ပရိသတ်တွေရှိရာ ပွဲကြည့်စင်ဘက်ကို သွားရောက်ပြီး မျက်ရည်တွေနဲ့ လက်အုပ်ချီ တောင်းပန်ခဲ့တာကို တွေ့ရပါတယ်။ လီဗာပူးအသင်းရဲ့ပရိသတ်တွေဟာ ဘာမဆို ဖြစ်သွားနိုင်တဲ့ ပြိုင်ပွဲရဲ့သဘောသဘာဝကို နားလည်မှုရှိစွာနဲ့ ကားရီးယပ်စ်ကို အပြစ်မတင်ဘဲ လက်ခုပ်တီးပြီး သဘောထားကြီးကြောင်း ပြသခဲ့တာကြောင့် ဘောလုံးရဲ့ရသအပြည့် ပေးစွမ်းနိုင်တဲ့ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ရပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD