AD
AD
AD

လီဗာပူးအသင်းရဲ့ဂိုးသမား ကားရီးယပ်စ်ဟာ ရီးရဲမက်ဒရစ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်မှာ ဦးခေါင်းနာကျင်တဲ့ဝေဒနာ ခံစားနေရတယ်လို့ Goal က ရေးသားထားပါတယ်။

play

 

ကားရီးယပ်စ်ဟာ ရီးရဲမက်ဒရစ်အသင်းနဲ့ပွဲစဉ်မှာ ဆိုးရွားတဲ့ အမှား ၂ ကြိမ် ပြုလုပ်ခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းကို ၃ နှစ်ဆက်တိုက် ဖြစ်စေခဲ့သူဖြစ်ပါတယ်။ ယခုနောက်ဆုံး မက်ဆာချူးဆက်အထွေထွေဆေးရုံကြီးက ပြုလုပ်ခဲ့တဲ့ စစ်ဆေးမှုမှာ လီဗာပူးအသင်းရဲ့ဂိုးသမား ကားရီးယပ်စ်ဟာ ဗိုလ်လုပွဲကစားနေစဉ်အချိန်မှာ ဦးခေါင်းနာကျင်တဲ့ဝေဒနာ ခံစားနေရကြောင်း တွေ့ရှိခဲ့ရပါတယ်။

"မေလ ၃၁ ရက်နေ့မှာ မစ်စတာကားရီးယပ်စ်ဟာ ဘော်စတွန်မှာတည်ရှိတဲ့ မက်ဆာချူးဆက်အထွေထွေဆေးရုံကြီးနဲ့ ပြန်လည်ထူထောင်ရေးဆေးရုံကြီးမှာ ဒေါက်တာရော့စ်ဇာဖွန်တီ၊ ဒေါက်တာလီနောဟားဂတ်တို့နဲ့ အလုံးစုံစစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်"

"ပွဲစဉ်ရုပ်သံကို ဂရုတစိုက်ပြန်လည်သုံးသပ်ခဲ့ပြီး သူ့ရဲ့လက်ရှိပြောကြားချက်အပါအဝင် အသေးစိတ်ဖြစ်ပျက်ခဲ့တာတွေကို ပေါင်းစပ်ခဲ့ပြီးနောက် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုနဲ့ ရည်မှန်းချက်တိုင်းထွာမှုတွေပြုလုပ်ခဲ့ရာမှာ ပုဂ္ဂလိကဓိဋ္ဌာန်လက္ခဏာတွေ ချက်ချင်းပြသခဲ့တာကြောင့် မေလ ၂၆ ရက်နေ့က ပွဲစဉ်အတွင်းမှာ မစ်စတာကားရီးယပ်စ်အနေနဲ့ ဦးခေါင်းနာကျင်ဝေဒနာကို ကြံ့ကြံ့ခံရပ်တည်နေခဲ့တာဖြစ်ကြောင်း ကောက်ချက်ချပါတယ်"လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။

play
ရာမို့စ် လျှပ်တပြက်တံတောင်နဲ့ တွတ်ခဲ့တာကို ရုပ်သံအနှေးပြကွက်မှာ မြင်တွေ့ရစဉ်

 

play
ရာမို့စ်ရဲ့ပြစ်ဒဏ်ကျူးလွန်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ကားရီးယပ်စ်

 

ယင်းကြေညာချက်မှာ အတည်ပြုထားတာမဟုတ်ပေမယ့် ကာရီးယပ်စ်ရဲ့ဦးခေါင်းဒဏ်ရာဟာ ရီးရဲမက်ဒရစ်အသင်းရဲ့အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်နဲ့ ပထမပိုင်းက ရင်ဆိုင်အတွေ့မှာ ရရှိခဲ့တာလို့ ယုံကြည်ရပါတယ်။ ဒုတိယပိုင်းမှာလည်း ကားရီးယပ်စ်နဲ့ ရာမို့စ်တို့ဟာ ပင်နယ်တီဧရိယာထဲမှာ ရင်ဆိုင်တွေ့ခဲ့ကြပြီး ရုပ်သံအနှေးပြကွက်အရ ကားရီးယပ်စ်ဟာ ဆာဂျီယိုရာမို့စ်ရဲ့ တံတောင်နဲ့ တွတ်တာ ခံခဲ့ရတာကို တွေ့ရပါတယ်။ ယင်းဖြစ်စဉ်မှာ ကားရီးယပ်စ်ဟာ ကုသမှုခံယူစရာမလိုဘဲ ဆက်လက်ကစားနိုင်ခဲ့သလို ကွင်းလယ်ဒိုင်ကလည်း ပြစ်ဒဏ်ဘော သတ်မှတ်ပေးခြင်းမရှိခဲ့ပါဘူး။ ယင်းဖြစ်စဉ်အပြီး သိပ်မကြာခင်မှာပဲ ကားရီးယပ်စ်ဟာ အသင်းဖော်ဆီကို ဘောလုံးကို လှိမ့်ပေးခဲ့ရာမှာ ဘန်ဇီးမားက ဘောလုံးလမ်းကြောင်းကို ပိတ်ဆို့ခဲ့ပြီး ဘောလုံးက ဂိုးထဲကို တန်းတန်းမတ်မတ်ဝင်သွားခဲ့တာဖြစ်ပါတယ်။

play
မိမိအမှားကြောင့် အသင်းရှုံးနိမ့်မှုအတွက် ဝမ်းနည်းစွာငိုကြွေးနေတဲ့ ကားရီးယပ်စ်

 

ယခုနောက်ဆုံးရရှိထားတဲ့ ဆေးစစ်ဆေးမှုရလဒ်တွေအရ ကားရီးယပ်စ်အပေါ်မှာ အများစုရဲ့အမြင် ပျော့ပျောင်းလာမယ်လို့ ယုံကြည်ရပြီး အသက် ၂၄ နှစ်အရွယ်သာရှိသေးတဲ့ ကားရီးယပ်စ်အနေနဲ့ ကစားသမားဘဝကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားရမယ့်ပုံဖြစ်ပါတယ်။

Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD