AD
AD
AD

လီဗာပူးအသင်းရဲ့တိုက်စစ်မှူး မိုဟာမက်ဆာလာနဲ့ ချယ်ဆီးကွင်းလယ်ကစားသမားဟောင်း ဖရန့်လမ်းပတ်တို့ဟာ စကားစမြည်အတူ ပြောဆိုခဲ့ပြီး လမ်းပတ်က မိုဟာမက်ဆာလာကို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အောင်မြင်မှုရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

play

 

ဖရန့်လမ်းပတ်ဟာ အန်းဖီးကွင်းကို BT Sport ရဲ့အားကစားဝေဖန်ရေးသမားအနေနဲ့ သွားရောက်လည်ပတ်ခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ပတ်သက်ပြီး မိုဟာမက်ဆာလာနဲ့ အပြန်အလှန် ပြောဆိုဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ အမေးအဖြေတွေအားလုံးပြီးဆုံးလို့ ရုပ်သံရိုက်ကူးမှုကို ပိတ်လိုက်ချိန်မှာ လမ်းပတ်က မိုဟာမက်ဆာလာကို ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် ဆုမွန်ကောင်းတောင်းပေးနေတာကို လီဗာပူးအသင်းရဲ့ကိုယ်ပိုင်ရုပ်သံလိုင်းဖြစ်တဲ့ LFC TV က ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

"မင်းအတွက် ငါ အရမ်းပျော်တာပဲ"

"မင်း အရမ်းတော်ပါတယ်"လို့ ချီးကျူးခဲ့ပါတယ်။

play

 

မိုဟာမက်ဆာလာဟာ ချယ်ဆီးအသင်းမှာရှိစဉ်တုန်းက အတူကစားခဲ့ဖူးတဲ့ ဖရန့်လမ်းပတ်ကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ နောက်တစ်ခေါက် ပြန်လာဖြစ်ခဲ့တဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။

"လူတိုင်းက ကျွန်တော့်ကို ပြောကြတယ်။ မပြောင်းပါနဲ့။ ပရီးမီးယားလိဂ်က မင်းအတွက် အရမ်းခက်ခဲလိမ့်မယ်။ ဘာကြောင့် အဲဒီကို ပြန်သွားမှာလဲ"

"မင်းမှာ ဆိုးရွားတဲ့အတွေ့အကြုံတွေရှိခဲ့လို့လား။ ဒါမှမဟုတ် ပွဲအများကြီး မကစားခဲ့ဖူးလို့လား။ ပြိုင်ပွဲက မင်းအတွက် အရမ်းပြင်းထန်ပြီး မြန်ဆန်နေလို့လား။ အဲဒါတွေက ဒီကိုပြန်လာဖို့ စဉ်းစားတိုင်း ကျွန်တော့်စိတ်ထဲမှာ အမြဲရှိနေခဲ့ပါတယ်"

play

 

"ကျွန်တော် ခင်ဗျားနဲ့ တစ်ရာသီ အတူရှိခဲ့ဖူးပါတယ်။ ကျွန်တော်တို့ အချင်းချင်း သိကျွမ်းကြပါတယ်။ ခင်ဗျားနဲ့ ကစားခဲ့ရတာ ဂုဏ်ယူစရာပါပဲ။ ဒါပေမယ့် ကျွန်တော် ချယ်ဆီးမှာရှိခဲ့တုန်းက ပွဲတွေ သိပ်မကစားခဲ့ရပါဘူး။ အဲဒီတုန်းက ကျွန်တော်က ကလေးပဲရှိပါသေးတယ်"

play

"အဲဒီတုန်းက အချိန်ကို ပြန်ကြည့်မယ်ဆိုရင် မော်ရင်ဟိုဆီက အများကြီး သင်ယူခဲ့ရတယ်။ အသင်းဆီကနေ အများကြီး လေ့လာခဲ့ရတယ်။ အရာအားလုံးက ကျွန်တော့်အတွက် အရမ်းခက်ခဲခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ဘေဆယ်ကနေ ချယ်ဆီးအသင်းကို လာခဲ့ရတာဆိုတော့ အရာအားလုံးက မတူညီပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

play

 

မိုဟာမက်ဆာလာဟာ လာမယ့်စနေနေ့ ကိဗ်မြို့မှာ ရီးရဲမက်ဒရစ်အသင်းကို အနိုင်ယူပြီး လီဗာပူးအသင်းအတွက် ၆ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ရယူပေးနိုင်ဖို့ မျှော်လင့်နေပြီး ယခုရာသီမှာ လီဗာပူးအသင်းအတွက် ပြိုင်ပွဲစုံ ၄၄ ဂိုးအထိ သွင်းယူပေးထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD