AD
AD
AD

၂၀၁၇-၁၈ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်များကိုတော့ ယနေ့ည(မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့ နံနက်)မှာ စတင်ကစားကြ တော့မှာ ဖြစ်ပါတယ်။

အစောဆုံးပွဲစဉ်အဖြစ် ဘေဆယ်အသင်းနဲ့ မန်စီးတီးအသင်း၊ ဂျူဗင်တပ်အသင်းနဲ့ တော့တင်ဟမ်ဟော့ စပါးအသင်းတို့ ကစားကြမှာ ဖြစ်ပြီး အဲ့နောက် ဗုဒ္ဓဟူးနေ့ည(မြန်မာစံတော်ချိန် ကြာသပတေးနေ့ နံနက်)မှာတော့ ပေါ်တိုနဲ့ လီဗာပူး၊ ရီးရဲမက်ဒရစ်နဲ့ ပီအက်ဂျီအသင်းတို့ ယှဉ်ပြိုင် ကစားကြမှာပါ။

အဆိုပါ ပွဲစဉ်တွေ ယှဉ်ပြိုင်မကစားမီ အသင်းကိုယ်စီရဲ့ နောက်ဆုံးရ ဒဏ်ရာရ ကစားသမားစာရင်းနဲ့ ပွဲပယ် ပြစ်ဒဏ်ထိထားတဲ့ ကစားသမား စာရင်းတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

play

 

ဘေဆယ်
---------

၁၃ ရက်နေ့ ညနေပိုင်းအထိ ရရှိထားတဲ့ သတင်းများအရ ဘေဆယ်အသင်းမှာတော့ ယနေ့ညမှာ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ်အတွက် ကစား သမား(၃)ဦးအထိ ဒဏ်ရာ ပြဿနာရှိနေပြီး အန်တိုနီယို ဆစ်ဂနိုရီနီမှာ အဖျားဝေဒနာခံစားနေရပြီး၊ဂါမာနို ဗာလက်တီက ပခုံးဒဏ်ရာရရှိနေသ လို၊လူကာ ဇက်ဖီကတော့ ခြေဖ၀ါး ဒဏ်ရာရရှိနေတယ်လို့ သိရပါတယ်။

play

 

မန်စီးတီး
--------

မန်စီးတီးအသင်းမှာတော့ ဒဏ်ရာရ ကစားသမား ၅ ဦးအထိ ရှိနေပြီး ဒီလပ်၊ဆာနေး၊ဆေးလ်ဗား၊မန်ဒီနဲ့ ဂျီးဆပ်တို့ ဖြစ်ပါတယ်။ဆာနေးကတော့ ဒဏ်ရာကနေ ပြန်လည်သက်သာလာနေပြီး ဒီကနေ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ မန်စီးတီးရဲ့ လေ့ကျင့်ရေးမှာ ပါဝင်လာတာတွေ့ရပါတယ်။

play

 

ဂျူဗင်တပ်
---------

စပါးအသင်းကို ဧည့်ခံကစားမယ့် ဂျူဗင်တပ်အသင်းမှာတော့ ဒဏ်ရာရ ကစားသမား ၅ ဦးရှိနေပြန်ပြီး ၂ဦးကတော့ အသင်းလေ့ကျင့်ရေးမှာ ပြန် လည်ပါဝင်နေပြီလို့ သိရပါတယ်။အဆိုပါနှစ်ဦးကတော့ နောက်ခံလူ ဟိုဝီဒက်စ်နဲ့ ကွင်းလယ်လူ ဒိုင်ဘာလာတို့ပဲဖြစ်ပါတယ်။ ကျန်ကစားသမား တွေဖြစ်တဲ့ ဘာဇာဂလီ၊မာတူဒီနဲ့ ကျူဒရာဒိုတို့ကတော့ ဒဏ်ရာရရှိနေလို့ အနားယူနေရဆဲဖြစ်ပါတယ်။

play

 

စပါး
----

စပါးအသင်းမှာတော့ ယခုပွဲစဉ်အတွက် နောက်ခံလူ အန်ဒါဝီရယ်လ်တစ်ယောက်သာရှိပြီး ကျန်အဓိက ကစားသမားတွေအကုန်လုံး ဒဏ်ရာရ၊ပွဲ ပယ်ပြစ်ဒဏ်ကင်းစင်နေတယ်လို့ သိရပါတယ်။နောက်ဆုံး ရရှိလာတဲ့သတင်းအရတော့ ကွင်းလယ်အဓိက ကစားသမား အဲရစ်ဆင်လည်း ဒီညမှာ ပွဲထွက်လာဖို့ မသေချာဘူးလို့ သတင်းတွေ ထွက်နေပါတယ်။

ယခုဖော်ပြပေးခဲ့တဲ့ ပွဲစဉ်တွေကတော့ ဒီကနေ့ည (မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့ နံနက် ၂ နာရီ ၁၅ မိနစ်)မှာ ယှဉ်ပြိုင်ကစားကြမယ့် ဘေဆယ် နဲ့ မန်စီးတီး၊ ဂျူဗင်တပ်နဲ့ စပါးအသင်းတို့ရဲ့ နောက်ဆုံးရရှိထားတဲ့ ဒဏ်ရာရ ပွဲပယ်ကစားသမားစာရင်းများပင်ဖြစ်ပါတယ်။

Source- Teen FEED.com.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD