AD
AD
AD

ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ အသင်းနဲ့အတူ ယခုရာသီဟာ ၁၄ ကြိမ်မြောက် ရာသီကုန်ဆုံးခဲ့တာဖြစ်ပြီး ၉ ကြိမ်မြောက် လာလီဂါဖလားကို ကိုင်မြှောက်နိုင်ခဲ့သလို ၃၆ ပွဲကစားပြီး ၃၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် ရွှေဖိနပ်ဆုကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။

play

play

 

လီယွန်နယ်မက်ဆီဟာ ပြီးခဲ့တဲ့ ၂ နှစ်ခန့်က နည်းပြဟောင်း ဂွါဒီယိုလာ ကိုင်တွယ်မယ့် မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ မိမိအနေနဲ့ ဘာကိုမှ ပြောင်းလဲစရာမလိုကြောင်းနဲ့ ဘာစီလိုနာမှာ ဇနီးသည် အန်တိုနယ်လာရိုကုဇိုနဲ့ သား ၃ ဦးဖြစ်တဲ့ သီယေဂို၊ မက်တီအို၊ စီရိုတို့ အခြေကျနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

play

 

"ကျွန်တော် ဘာစီလိုနာက ထွက်ခွာဖို့ ကြိုးစားမှာမဟုတ်ပါဘူး။ ဘာစီလိုနာထက်ကောင်းတဲ့ နေရာလည်း မရှိပါဘူး။ ကျွန်တော် ဒီမှာသာ မရှိတော့ဘူးဆိုရင် ဘယ်နေရာမှာမှ ရှိနေမှာမဟုတ်ပါဘူး"လို့ မက်ဆီက အခိုင်အမာပြောကြားခဲ့ပါတယ်။

"ဘာစီလိုနာဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းဖြစ်လို အကောင်းဆုံးမြို့တစ်မြို့လည်းဖြစ်ပါတယ်။ ကျွန်တော့် ကလေးတွေလည်း သူငယ်ချင်းတွေ ရနေကြပါပြီ။ ကျွန်တော် အပြောင်းအလဲလုပ်ဖို့ မလိုအပ်ပါဘူး"

"ကျွန်တော် အရာအားလုံးကို အနိုင်ရရှိဖို့အတွက် တိုက်ပွဲဝင်နေပါတယ်။ ကျွန်တော် ဘယ်နေရာကိုမှသွားပြီး သက်သေပြစရာလည်း မလိုတော့ပါဘူး"

"ကျွန်တော့်ကိုယ် ကျွန်တော် ကစားပွဲအဟောင်းကြီးထဲမှာပဲ ကစားနေရတယ်လို့ မမြင်ပါဘူး။ ကျွန်တော့်ရဲ့ကစားတဲ့ပုံစံထဲကို အသစ်အသစ်သော အရာတွေကို ထပ်ပေါင်းထည့်ပြီး ကစားနေတာပါ"

"ကျွန်တော့်အနေနဲ့ မြန်ဆန်ပြီး ကောင်းမွန်နေတယ်လို့ ခံစားရပါတယ်။ ခင်ဗျားအနေနဲ့ ငယ်ရွယ်တုန်းအချိန်ကဆိုရင် အဲဒီလိုမျိုး အကြိမ် ၅၀၀ လောက် ပွဲတိုင်းမှာ လုပ်နိုင်မှာပါ။ ဒါပေမယ့် ဒီနေ့မှာတော့ ခင်ဗျား ဘယ်ဟာကို ပိုလုပ်ချင်လဲဆိုတာ ရွေးချယ်ရတော့မယ်လေ"လို့ ပြောကြားခဲ့ပါတယ်။

 

Source & Photos: Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD