AD
AD
AD

ယနေ့နံနက် ၁ နာရီ ၁၅ မိနစ်အချိန်မှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဘာစီလိုနာအသင်းနဲ့ ရိုးမားအသင်းတို့ရဲ့ပွဲစဉ်မှာ ဘာစီလိုနာအသင်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

play

 

ဘာစီလိုနာအသင်းဟာ ယနေ့ပွဲစဉ်မှာ ချန်ပီယံလိဂ်ဂိုးပေါက်ပျောက်ဆုံးနေတဲ့ လူးဝစ်ဆွာရက်ဇ်နဲ့ မက်ဆီတို့ကို အထောင်ထားပြီး ဆာဂျီရောဘတ်တို၊ ရာကီတစ်၊ ဆာဂျီယိုဘတ်စ်ကွက်၊ အင်နီယေစတာတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ရိုးမားအသင်းကတော့ ပါရော့တီ၊ ဒီဇီကို၊ ဖလော်ရန်ဇီတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပွဲစတင်ချိန်ကတည်းက တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် တိုက်စစ်ဆင်ကစားခဲ့ကြပြီး ကစားကွက် ပုံဖော်ဖို့ ကြိုးစားခဲ့ကြပါတယ်။

play

 

၃၈ မိနစ်မှာ အင်နီယေစတာက ပင်နယ်တီဧရိယာထဲ ပြေးဝင်လာတဲ့ မက်ဆီကို ထိုးပေးလိုက်တဲ့ဘောလုံးကို ရိုးမားအသင်းရဲ့ကွင်းလယ်ကစားသမား ဒီရော့ဆီ ဖြတ်ထုတ်ဖို့ ကြိုးစားရာမှာ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တာကြောင့် ဘာစီလိုနာအသင်းက အဖွင့်ဂိုး စတင်ရရှိခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာ ဘာစီလိုနာအသင်းက တိုက်စစ်ကို ပိုမိုမြှင့်တင်ကစားခဲ့ပြီး ရိုးမားအသင်းဘက်ကို ပိုမိုဖိအားပေးခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ၅၅ မိနစ်မှာ ရာကီတစ်ဖြတ်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို အမ်တီတီက ရိုးမားအသင်းရဲ့ဂိုးသမား အယ်လီဆင်နဲ့ အနီးကပ်ပိတ်သွင်းခဲ့ပြီး အယ်လီဆင် ပုတ်ထုတ်လိုက်ရာမှာ ပြန်ထွက်လာတဲ့ဘောလုံးဟာ မာနိုလက်နဲ့ထိမိပြီး ဂိုးထဲဝင်သွားခဲ့တာကြောင့် ရိုးမားအသင်းအတွက် စိတ်ပျက်စရာနောက်ထပ် ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိတဲ့ဂိုး ဖြစ်ခဲ့ရပါတယ်။

play

 

၅၉ မိနစ်မှာ မက်ဆီပေးပို့လိုက်တဲ့ဘောလုံးကို လူးဝစ်ဆွာရက်ဇ်က တစ်ချက်ထိန်းပြီး အပြင်းကန်သွင်းလိုက်ရာမှာ အယ်လီဆင် ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပေမယ့် အသင့်စောင့်ဆိုင်းနေတဲ့ ဂျရတ်ပီကေးက အပိုင်ပိတ်သွင်းယူပြီး ဘာစီလိုနာအသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

play

play

 

ရိုးမားအသင်းဟာ လူစားလဲလှယ်မှုပြုလုပ်ခဲ့ပြီးနောက် ကစားကွက် အနည်းငယ်ပြန်လည်ကောင်းမွန်လာခဲ့တာကို တွေ့ရပါတယ်။ မိနစ် ၈၀ မှာ ဒီယေဂိုပါရော့တီ ပေးပို့လိုက်တဲ့ဘောလုံးကို ဒီဇီကိုက ပင်နယ်တီဧရိယာထဲမှာ အပိုင်ကန်သွင်းယူပြီး ရိုးမားအသင်းအတွက် ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူပေးနိုင်ခဲ့ပါတယ်။

play

 

၈၇ မိနစ်မှာ ဒန်းနစ်ဆွာရက်ဇ် ပင်နယ်တီဧရိယာထဲကို ပေးပို့လိုက်တဲ့ဘောလုံးကို ရိုးမားအသင်းနောက်ခံကစားသမားတွေ ဖျက်ထုတ်ရာမှာ လူးဝစ်ဆွာရက်ဇ်ရှေ့ကို တန်းတန်းမတ်မတ်ရောက်ရှိသွားခဲ့ပြီး ဆွာရက်ဇ်က လျှပ်တပြက်ကန်သွင်းပြီး ဘာစီလိုနာအသင်းအတွက် စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ လူးဝစ်ဆွာရက်ဇ်ဟာ ယခုသွင်းယူခဲ့တဲ့ဂိုးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပထမဆုံးသွင်းယူခဲ့တဲ့ဂိုးဖြစ်ပြီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၁ လကျော်ကြာ ဂိုးမသွင်းယူနိုင်သေးတဲ့ ကျိန်စာကနေ လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD