AD
AD
AD

ယနေ့ည(မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့နံနက် ၂ နာရီ ၁၅ မိနစ်)မှာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အိုးထရက်ဖို့ဒ်ကွင်းကြီးမှာ ဆီဗီလာအသင်းက လာရောက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှု

play

 

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဆီဗီလာအသင်းတို့ဟာ ပြီးခဲ့တဲ့ပထမအကျော့ပွဲစဉ်မှာ ပထမဆုံးအကြိမ်အဖြစ် ဆုံတွေ့ခဲ့ကြတာဖြစ်ပြီး ယင်းပွဲစဉ်မှာ တစ်ဖက်နဲ့တစ်ဖက် ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် ခြေစွမ်းများစွာကွာခြားခြင်းမရှိဘူးလို့ ယူဆရမှာဖြစ်ပါတယ်။

 

မန်ယူနဲ့ ဆီဗီလာတို့ရဲ့ ချန်ပီယံလိဂ် နောက်ခံသမိုင်းကြောင်း

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာ နောက်ဆုံးလက်ခံယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၉ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ခဲ့ဖူးပြီး ၂၀၁၃ ခုနှစ်က ရီးရဲမက်ဒရစ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ရှုံးထွက်ပထမအကျော့ပွဲစဉ်မှာ ဂိုးမရှိသရေကျခဲ့ရင် ဒုတိယအကျော့မှာ အနိုင်ရရှိပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ ၇၀ ရာခိုင်နှုန်း သေချာတတ်ပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ စပိန်အသင်းတွေနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်နောက်ဆုံး ၁၅ ပွဲမှာ တစ်ပွဲ တစ်ဂိုးနှုန်းထက် ပိုသွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။ ၂၀၁၁ ခုနှစ်မှာ ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့ပြီးနောက်ပိုင်း မန်ယူအသင်းဟာ နောက်ဆုံး ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ပွဲစဉ် ၈ ပွဲမှာ ၁ ပွဲသာအနိုင်ရရှိထားပါတယ်။

play

 

ဆီဗီလာအသင်းကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အင်္ဂလန်အသင်းတွေနဲ့ ၄ ကြိမ်တွေ့ဆုံခဲ့ရာမှာ ၁ ပွဲမှ အနိုင်ရရှိခဲ့ဖူးခြင်းမရှိဘဲ သရေ ၁ ပွဲ ရှုံးပွဲ ၃ ပွဲရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ သရေပွဲစဉ်တစ်ပွဲကတော့ ယခုရာသီ အုပ်စုအဆင့်မှာ လီဗာပူးအသင်းနဲ့ပွဲစဉ်ဖြစ်ပါတယ်။

 

နှစ်ဖက်နည်းပြများရဲ့ ပြောစကား

play

 

"ကျွန်တော်တို့အသင်းက ဒီပြိုင်ပွဲမှာ အကောင်းဆုံးအသင်းလို့ ကျွန်တော် မထင်ပါဘူး"

"ဒါပေမယ့် ကွာတားဖိုင်နယ်အဆင့်ကို ရောက်သွားခဲ့မယ်ဆိုရင် ဘာမဆိုဖြစ်သွားနိုင်ပါတယ်"

"ခင်ဗျားအနေနဲ့ ၁၆ သင်းအဆင့်မှာရှိနေတုန်းက ကွာတားဖိုင်နယ်အဆင့်က တော်တော်ဝေးကွာတယ်လို့ ထင်လိမ့်မယ်။ ဒါပေမယ့် ကွာတားဖိုင်နယ်အဆင့်ကို ရောက်သွားပြီဆိုတာနဲ့ ဆီမီးဖိုင်နယ်အဆင့်ရဲ့ အနံ့ကိုတောင် ခံလို့ရသွားလိမ့်မယ်"

"ကွာတားဖိုင်နယ်အဆင့်ကို ခင်ဗျားရောက်သွားရင် အားလုံးထဲမှာ ခင်ဗျားက အကောင်းဆုံးပဲလို့ ခံစားရလိမ့်မယ်။ ဒါပေမယ့် ဘာမဆိုဖြစ်သွားနိုင်တယ်"

"ကျွန်တော်တို့ ကွာတားဖိုင်နယ်အဆင့်ကိုသာ တက်ရောက်နိုင်ခဲ့ရင် ပြိုင်ဘက်က ဘယ်အသင်းလဲဆိုတာ အရေးမပါတော့ဘူး။ ဥရောပဘောလုံးလောကမှာ နာမည်ကြီးတဲ့အသင်းတစ်သင်းကတော့ အမြဲရှိနေမှာပဲလေ။ ဒါပေမယ့် ကျွန်တော်တို့ ကြိုးစားသွားမှာပါ"

(မော်ရင်ဟို)

play

 

"မန်ယူနဲ့ပွဲစဉ်ဟာ ကျွန်တော့်အတွက် အထူးစပယ်ရှယ်ပွဲစဉ်ပါပဲ။ ကွာတားဖိုင်နယ်အဆင့်ကိုသာ တက်ရောက်သွားနိုင်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ လောက်ကတည်းက ကွာတားဖိုင်နယ်ကို မတက်ရောက်နိုင်တဲ့အသင်းအတွက် ပိုတောင် စပယ်ရှယ်ဖြစ်သွားမှာပါ။ ကျွန်တော်တို့ ဂိုးသွင်းယူဖို့၊ ဘောလုံးပေးပို့ဖို့ ၁၀၀ ရာခိုင်နှုန်း ပေးဆပ်သွားမှာပါ။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိပါတယ်။ ခက်ခဲမယ်ဆိုတာ သိနေပေမယ့်လည်း အဆင်သင့်ဖြစ်နေပါပြီ"

"ကျွန်တော်တို့ အရမ်းကောင်းတဲ့ ကစားသမားတွေ၊ အရမ်းတော်တဲ့ နည်းပြရှိတဲ့ အရမ်းကောင်းတဲ့အသင်းနဲ့ ကစားရမယ်ဆိုတာ သိပါတယ်။ အဲဒီအတွက် အဆုံးစွန်ဆုံး လုပ်နိုင်သမျှ လုပ်သွားမှာပါ"

(မွန်တဲလား)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD