AD
AD
AD

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်အတွက် မဲခွဲပွဲကို ယနေ့ညနေမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ကမ္ဘာတလွှားက ပရိသတ်တွေလည်း ရင်ခုန်စိတ်လှုပ်ရှားနေကြပြီလို့ ထင်ပါတယ်။ ယနေ့ညနေမှာ ကျင်းပပြုလုပ်မယ့်မဲခွဲပွဲစဉ်မတိုင်မီ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့အသင်းတွေနဲ့ပတ်သက်ပြီး သိထားသင့်တဲ့အချက်တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

play

 

ဘိုင်ယန်မြူးနစ်

play

 

ဘိုင်ယန်မြူးနစ်အသင်းဟာ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့အဆင့်သတ်မှတ်ချက်အရ အဆင့် ၂ နေရာမှာရပ်တည်နေပြီး ပြီးခဲ့တဲ့နှစ် ဘွန်ဒက်စ်လီဂါဖလားကို ရယူထားတဲ့အသင်းလည်းဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်ကတော့ လီဝန်ဒေါစကီးဖြစ်ပြီး ၅ ဂိုးအထိ သွင်းယူပေးထားတာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ဆီမီးဖိုင်နယ်အဆင့်မှာ ကစားခဲ့တဲ့ရလဒ်တွေကို ပြန်ကြည့်ရမယ်ဆိုရင် ၁၀ ပွဲနိုင် ၈ ပွဲ ရှုံးနိမ့်ထားပါတယ်။

 

ရီးရဲမက်ဒရစ်

play

 

ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့အဆင့်သတ်မှတ်ချက်အရ အဆင့် ၁ နေရာမှာ ရပ်တည်နေတဲ့ ရီးရဲမက်ဒရစ်အသင်းဟာ ယခုနှစ်မှာ ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်တိုက် ရယူနိုင်ဖို့ ရေပန်းစားနေတဲ့အသင်းဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးရဲမက်ဒရစ်အသင်းရဲ့ထိပ်တန်း ဂိုးသွင်းရှင်ကတော့ ခရစ်စတီယာနိုရော်နယ်ဒိုဖြစ်ပြီး ၁၅ ဂိုးအထိ သွင်းယူပေးထားတာဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းရဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ ရရှိထားတဲ့ရလဒ်တွေကတော့ ၁၅ ပွဲနိုင် ၁၃ ပွဲရှုံးနိမ့်ထားပါတယ်။

 

လီဗာပူး

play

 

လီဗာပူးအသင်းဟာ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့အဆင့်သတ်မှတ်ချက်အရ အဆင့် ၂၅ နေရာမှာရပ်တည်နေပြီး လီဗာပူးအသင်းရဲ့ ထိပ်တန်း ဂိုးသွင်းရှင်ကတော့ မိုဟာမက်ဆာလာနဲ့ ဖာမီနိုတို့ဖြစ်ပြီး ၈ ဂိုးအထိ သွင်းယူပေးထားတာဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့ဆီမီးဖိုင်နယ်အဆင့်မှာ ကစားခဲ့တဲ့ရလဒ်တွေကို ပြန်ကြည့်ရမယ်ဆိုရင် ၇ ပွဲနိုင်၂ ပွဲ ရှုံးနိမ့်ထားပါတယ်။

 

ရိုးမား

play

 

ရိုးမားအသင်းဟာ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့အဆင့်သတ်မှတ်ချက်အရ အဆင့် ၂၁ နေရာမှာရပ်တည်နေပြီး ထိပ်တန်းဂိုးသွင်းရှင်ကတော့ ဒီဇီကိုဖြစ်ပြီး ၆ ဂိုးအထိ သွင်းယူပေးထားတာဖြစ်ပါတယ်။ ရိုးမားအသင်းဟာ ဆီမီးဖိုင်နယ်အဆင့်ကို ၁၉၈၃ နှစ်တုန်းက တစ်ကြိမ် တက်ရောက်ခဲ့ပြီး ရှုံးနိမ့်ခဲ့ပါတယ်။ ယခုနှစ်မှာမှ ဘာစီလိုနာအသင်းကို အနိုင်ယူပြီး ဒုတိယအကြိမ် တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD