AD
AD
AD

အာဂျင်တီးနားအသင်းဟာ လာမယ့်သောကြာနေ့မှာ အီတလီအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားဖို့ရှိနေပြီး အာဂျင်တီးနားအသင်းရဲ့ကြယ်ပွင့် တိုက်စစ်မှူး မက်ဆီအနေနဲ့ အီတလီလက်ရွေးစင်အသင်းအတွက် ကစားပေးဖို့ ရွေးချယ်ခွင့်ရခဲ့ပေမယ့် အာဂျင်တီးနားအသင်းကိုသာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

play

 

မက်ဆီဟာ အီတလီအသင်းနဲ့ ကစားရမယ့် သောကြာနေ့ပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားမယ်လို့ သိရပြီး အာဂျင်တီးနားအသင်းဟာ လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ အာဂျင်တီးနားအသင်းဟာ ဗိုလ်လုပွဲမှာ အချိန်ပိုဒုတိယပိုင်း ၁၁၃ မိနစ်မှာ မာရီယိုဂေါ့ဇီသွင်းယူခဲ့တဲ့ဂိုးကြောင့် ဂျာမနီအသင်းကို ရှုံးနိမ့်ပြီး ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

play

 

လက်ရှိအချိန်မှာ သောကြာနေ့ အီတလီအသင်းနဲ့ပွဲစဉ်အတွက် မန်ချက်စတာစီးတီးအသင်းရဲ့ကွင်းမှာ လေ့ကျင့်ရေးပြုလုပ်နေတဲ့ အာဂျင်တီးနားအသင်းရဲ့လူစာရင်းမှာ ပါဝင်နေတဲ့မက်ဆီဟာ ငယ်ရွယ်စဉ်အချိန်က လက်ရွေးစင်အသင်းရွေးချယ်စရာ အာဂျင်တီးနားအပြင် နောက်ထပ် ထိပ်သီးလက်ရွေးစင်အသင်း ၂ သင်းအထိ ရှိခဲ့ပါတယ်။

 

(အီတလီအသင်းအတွက် မက်ဆီ ကစားပေးလို့ရနိုင်ခဲ့သလား)

play

 

နာမည်အပြည့်အစုံ လီယွန်နယ်အန်ဒရေးစ်မက်ဆီကွတ်စီတီနီလို့ ခေါ်တွင်တဲ့ မက်ဆီရဲ့မိဘနှစ်ပါးစလုံးဟာ မျိုးရိုးစဉ်ဆက်အလိုက် အီတလီသွေးပါတဲ့သူတွေဖြစ်ပါတယ်။ မက်ဆီရဲ့အမေဘက်ကတော်စပ်တဲ့  အဘိုးရဲ့အဘိုးဟာ မက်ဆီမွေးဖွားရာအရပ်ဖြစ်တဲ့ အာဂျင်တီးနားနိုင်ငံ ရိုဆာရီယိုမြို့ကို ၁၈၈၃ ခုနှစ်မှာ အီတလီနိုင်ငံကနေ အပြီးပြောင်းရွှေ့အခြေချခဲ့တာကြောင့် မက်ဆီဟာ အာဂျင်တီးနား နိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

 

ဒါပေမယ့် အီတလီဘောလုံးအဖွဲ့ချုပ်ဟာ မက်ဆီ ငယ်ရွယ်စဉ်က လက်ရွေးစင်အသင်းအတွက် ကစားပေးဖို့ သွေးဆောင်ခဲ့တဲ့မှတ်တမ်းမျိုး မရှိခဲ့ပါဘူး။ ယင်းအချိန်က အီတလီဘောလုံးအဖွဲ့ချုပ်ဟာ မက်ဆီကို ယင်းတို့နိုင်ငံရဲ့လက်ရွေးစင်အသင်းရဲ့အမည်စာရင်းမှာ ထည့်သွင်းနိုင်တဲ့ ကစားသမားမှန်း သတိမထားမိခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

 

(စပိန်အသင်းအတွက် မက်ဆီ ကစားပေးလို့ရနိုင်ခဲ့သလား)

 

အာဂျင်တီးနားမှာ မွေးဖွားတဲ့ မက်ဆီအတွက် နောက်ထပ် ကစားပေးဖို့ အခွင့်အရေးရှိခဲ့တဲ့လက်ရွေးစင်အသင်းကနေ စပိန်အသင်းဖြစ်ပါတယ်။ မက်ဆီရဲ့အဖေဘက်ကတော်စပ်တဲ့ မက်ဆီရဲ့အဘိုးရဲ့အဘိုးဟာ စပိန်နိုင်ငံ၊ ဘာလာဂယ်မှာ နေထိုင်တဲ့ ကတ်တလန်ပြည်နယ်သားစစ်စစ် ဖြစ်တာကြောင့် မက်ဆီအနေနဲ့ စပိန်အသင်းအတွက် ကစားပေးဖို့ အရည်အချင်းပြည့်မီခဲ့ပါတယ်။

 

မက်ဆီကို ဘာစီလိုနာအသင်းထံ စတင်ခေါ်ယူခဲ့ချိန်က အသင်းရဲ့အားကစားဒါရိုက်တာဖြစ်သူ ကားလက်စ်ရက်ဆာ့ဟာ မက်ဆီရဲ့စပိန်သွေးပါဝင်နေမှုနဲ့ပတ်သက်ပြီး ခေါ်ယူခွင့်ပေးဖို့ တော်ဝင်စပိန်ဘောလုံးအဖွဲ့ချုပ်ကို ဖိအားပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် အာဂျင်တီးနားမှာ မွေးဖွားခဲ့တဲ့မက်ဆီကတော့ ၂၀၀၄ ခုနှစ်မှာ ယူ-၂၀ ချစ်ကြည်ရေးပွဲစဉ်အဖြစ် ပါရာဂွေးနဲ့ ဥရုဂွေးအသင်းတို့နဲ့ ကစားတဲ့ပွဲစဉ်မှာ အာဂျင်တီးနား ယူ-၂၀ အသင်းမှာ ပါဝင်ကစားပေးခဲ့တာကြောင့် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်အတွက် မက်ဆီကို တရားဝင် ပိုင်ဆိုင်ခွင့်ရသွားစေခဲ့ပါတယ်။

play

 

အသက် ၁၁ နှစ်အရွယ်သာရှိသေးတဲ့ မက်ဆီဟာ ယင်းပွဲစဉ် ၂ ပွဲမှာ ၃ ဂိုးသွင်းယူခဲ့ပြီးနောက် အသက် ၁၆ နှစ်အရွယ်မှာ ယူ-၂၀ အသင်းရဲ့ပထမကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ယင်းနောက် ယူ-၂၃ အသင်းကို ပြောင်းရွှေ့ကစားခဲ့ရပြီး နောက်ဆုံးမှာတော့လက်ရွေးစင်အသင်းမှာ ကစားဖို့ ရွေးချယ်ခံခဲ့ရပါတယ်။

play

 

မာတင်ကတ်စတယ်လာနဲ့ ခရစ်ရှန်ဂရော့ဆိုတို့ ရေးသားခဲ့တဲ့ The Patriot ဆိုတဲ့ မက်ဆီရဲ့အထုပ္ပတ္တိစာအုပ်ထဲမှာ ယင်းကိစ္စနဲ့ပတ်သက်ပြီး မက်ဆီရဲ့ပြောစကားကို အခုလို ရေးသားထားပါတယ်။

"ကျွန်တော် ကလေးဘဝတုန်းက အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က ဆက်သွယ်လာလိမ့်မယ်လို့ မျှော်လင်ခဲ့ပါတယ်"

"မင်း တကယ်လို့ စပိန်လက်ရွေးစင်အသင်းအတွက် ကစားခွင့်ရမယ်ဆိုရင် ကစားမလားဆိုတဲ့ ပုံမှန်မဟုတ်တဲ့ မေးခွန်းမျိုးပဲ မေးတာခံခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်အမြဲတမ်း ကျွန်တော့်ရဲ့နိုင်ငံအသင်းအတွက်ပဲ ကစားပေးချင်တယ်လို့ ပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဂျင်တီးနားကို ကျွန်တော်ချစ်တယ်။ ကျွန်တော်ဝတ်ဆင်ချင်တဲ့ အရောင်အသွေးကလည်း အဲဒီအရောင်တစ်ခုပဲ ရှိလို့ပါ"

"ကျွန်တော်က အမြဲတမ်း နိုင်ငံအသင်းကို အားပေးတဲ့ပရိသတ်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ပြိုင်ပွဲတွေကို တီဗွီမှာ ကြည့်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ကွင်းထဲထိ ဘယ်တော့မှသွားပြီး သူတို့ရဲ့ပရိသတ်အဖြစ် ကြည့်နိုင်မှာမဟုတ်လို့ပါ"လို့ ရေးသားထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD