AD
AD
AD

အာဂျင်တီးနားအသင်းနဲ့အတူ ၁၉၈၆ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ ဂန္တဝင်တိုက်စစ်မှူး ဒီယေဂိုမာရာဒိုနာဟာ ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး မက်ဆီကို ကမ္ဘာ့ဖလားရယူပြီး ဘလွန်းဒီအော် ၅ ဆုနဲ့ထိုက်တန်ကြောင်း သက်သေပြဖို့ စိန်ခေါ်တာတွေကို လစ်လျူရှုထားဖို့ အကြံပြုပြောကြားခဲ့ပါတယ်။

play

 

လီယွန်နယ်မက်ဆီဟာ ကလပ်အသင်းအဆင့်မှာ ဆုဖလားအားလုံးကို ရယူထားနိုင်တဲ့ကစားသမားဖြစ်ပြီး ဘာစီလိုနာအသင်းကို လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေ ရရှိအောင် ကူညီပေးခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် မက်ဆီအနေနဲ့ နိုင်ငံတကာပြိုင်ပွဲမှာ အောင်မြင်မှု တစ်စုံတစ်ရာ မရရှိသေးတာကြောင့် ဝေဖန်မှုတွေ ရှိနေပြီး ပြိုင်ဘက်ကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းကို ဥရောပအောင်မြင်မှုကို ရယူပေးခဲ့တာနဲ့ နှိုင်းယှဉ်ခံနေရတာဖြစ်ပါတယ်။

play

 

အာဂျင်တီးနားအသင်းဟာ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ဖို့ လက်တကမ်းသာလိုတော့တဲ့အချိန် ဂျာမနီအသင်းရဲ့ အချိန်ပိုသွင်းဂိုးကြောင့် ဒုတိယအဆင့်နဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းအတွက် ကမ္ဘာ့ဖလားကို ရယူပေးခဲ့ဖူးတဲ့ မာရာဒိုနာက မက်ဆီအနေနဲ့ ဘာကိုမှထပ်ပြီး သက်သေပြစရာမလိုအပ်တော့ဘူးလို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

play

"ကျွန်တော် မက်ဆီကို ဆက်ပြီးကစားဖို့နဲ့ ပြိုင်ပွဲမှာ ပျော်ရွှင်နိုင်ဖို့ပဲ အကြံပြုချင်ပါတယ်"

"သူ့အနေနဲ့ ဝေဖန်မှုတွေကို မေ့ပစ်ထားရပါလိမ့်မယ်။ ကမ္ဘာ့ဖလားကို ရယူနိုင်တာပဲဖြစ်ဖြစ်၊ မရတာပဲဖြစ်ဖြစ်၊ ချန်ပီယံလိဂ် ဒါမှမဟုတ် ကိုပါဒယ်ရေးကို ရတာဖြစ်ဖြစ်၊ မရတာပဲဖြစ်ဖြစ်ပေါ့"

"သူ ဘာမှထပ်ပြီး သရုပ်ပြစရာမရှိတော့ပါဘူး။ ကွင်းထဲမှာ ပြိုင်ပွဲကို ပျော်ရွှင်စွာ ကစားဖို့ပဲလိုပါတော့တယ်"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD