AD
AD
AD

Image result for messi

ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူး မက်ဆီဟာ ဂုဏ်သိက္ခာကြီးမားတဲ့ ဘလွန်းဒီအော်ဆုကြီးကို မိမိနဲ့ ရီးရဲမက်ဒရစ်အသင်းရဲ့တိုက်စစ်မှူး

ခရစ်စတီယာနိုရော်နယ်ဒိုတို့နဲ့အပြိုင် လုယူလာနိုင်တယ်လို့ ယုံကြည်တဲ့ ပြိုင်ဘက် ကြယ်ပွင့်ကစားသမား ၃ ဦးကို ပြောပြခဲ့ပါတယ်။

Image result for cristiano ronaldo ballon d or`

မက်ဆီနဲ့ ခရစ်စတီယာနိုရော်နယ်ဒိုတို့ဟာ ၂၀၀၈ ခုနှစ်ကနေ စတင်ပြီး ဘလွန်းဒီအော်ဆုကို တစ်ယောက်တစ်လှည့်စီ ရယူခဲ့ကြရာ လက်ရှိ

အချိန်မှာ တစ်ဦးကို ၅ ကြိမ်စီ ရယူထားပြီးဖြစ်ပါတယ်။ မက်ဆီဟာ ဘလွန်းဒီအော်ဆုကို ၂၀၀၉ ခုနှစ်မှာ စတင်ရရှိခဲ့ပြီး မိမိနဲ့ရော်နယ်ဒိုကို

ယှဉ်ပြိုင်နိုင်တဲ့ ကစားသမား ၃ ဦးရှိနေပြီလို့ ယုံကြည်နေတာဖြစ်ပါတယ်။

"ဒီနေ့မှာ ဘလွန်းဒီအော်ဆုကို ရရှိနိုင်တဲ့ ကစားသမားတွေက အများကြီးရှိနေပါပြီ"

"ပြီးခဲ့တဲ့နှစ်တွေတုန်းက ဘလွန်းဒီအော်ဆုကို ရယူနိုင်တဲ့ကစားသမားက ၂ ဦးလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် အခု နေမာ၊ ဘတ်ပီနဲ့ ဆွာရက်ဇ်

တို့လို ကစားသမားတွေက ဘလွန်းဒီအော်ဆုကို ယှဉ်ပြိုင်ရယူနိုင်စွမ်းရှိတဲ့ ကစားသမားတွေဖြစ်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Image result for kaka ballon d or

၂၀၀၇ ခုနှစ်မှာ ဘလွန်းဒီအော်ဆုကို ဘရာဇီးလက်ရွေးစင်ကွင်းလယ်ကစားသမား ကာကာက ရရှိခဲ့ပြီးနောက်ပိုင်း မက်ဆီနဲ့ရော်နယ်ဒိုတို့ကသာ

တစ်လှည့်စီ ရယူထားပြီး အခြားမည်သည့်ကစားသမားမှ ရရှိခဲ့ခြင်းမရှိခဲ့ပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD