AD
AD
AD

ဘာစီလိုနာအသင်းရဲ့အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ကြယ်ပွင့်ကစားသမား လီယွန်နယ်မက်ဆီဟာ ကစားသမားဘဝကနေ အနားယူရမယ့်ကိစ္စဟာ မိမိအတွက် အလွန်ခက်ခဲကြောင်း ပြောကြားခဲ့ပါတယ်။

play

 

ခန္ဓာကိုယ်ဖွံ့ဖြိုးစေတဲ့ဟော်မုန်း မူမမှန်မှုကြောင့် ဆေးကုသမှုအကြိမ်ပေါင်းများစွာ ခံယူနေရတဲ့ မက်ဆီကို ဘာစီလိုနာအသင်းက ကုသစရိတ်တွေ အကုန်အကျခံပြီး ခေါ်ယူခဲ့တာကြောင့် မက်ဆီဟာ အသက် ၁၁ နှစ်အရွယ်ကတည်းက အာဂျင်တီးနားနိုင်ငံ ရိုဆာရီယိုမြို့နေ ဘာစီလိုနာအသင်းကို အပြီးပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

play

 

ဘလွန်းဒီအော်ဆုကို ၅ ကြိမ်ရယူထားပြီး ဘာစီလိုနာအသင်းအတွက် စံချိန်တင်သွင်းဂိုး ၅၄၂ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့ မက်ဆီဟာ ကစားသမားဘဝနောက်ဆုံးအပိုင်းအခြားမှာ ရောက်ရှိနေပြီဖြစ်တဲ့အတွက် အနားယူဖို့ စတင်စဉ်းစားနေပေမယ့် ခက်ခဲကြောင်း အမေရိကတီဗီရှိုးတစ်ခုဖြစ်တဲ့ လာကော်နီဆာကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။

"လူတိုင်းက အနားယူဖို့ခက်ခဲတယ်လို့ ပြောကြပါတယ်။ အဲဒါကို ကျွန်တော်လည်း မငြင်းပါဘူး"

"အမြဲတမ်းလုပ်နေကြ လေ့ကျင့်ရေးဆင်းတာတွေ၊ ကစားတာတွေ မလုပ်ဘဲနေရမှာ တော်တော်ခက်ခဲပါတယ်။ ကျွန်တော် ဘာလုပ်ရမလဲ၊ ဘယ်နေရာမှာနေရမလဲဆိုတာ မသိပါဘူး"

"ကျွန်တော် မလုပ်နိုင်ဘူးလို့ ထင်တဲ့အရာမှန်သမျှ ကျွန်တော် လုပ်ချင်တယ်။ ဒါပေမယ့် တကယ်လို့ အဲဒါက ဘာစီလိုနာဖြစ်လာမလား၊ ရိုဆာရီယိုဖြစ်လာမလား ကျွန်တော်မသိဘူး"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD