ယနေ့ည မြန်မာစံတော်ချိန် ည ၉ နာရီ ၄၅ မိနစ်မှာ ယှဉ်ပြိုင်ကစားမယ့် ရီးရဲမက်ဒရစ်အသင်းနဲ့ ဗီလာရီးရဲအသင်တို့ပွဲစဉ်မှာ ရီးရဲမက်ဒရစ် အ သင်းအနေနဲ့ အဓိက ကစားသမားအချို့ကို လက်လွှတ်ထားရဖို့ ရှိနေပါတယ်။

play

 

နည်းပြ ဇီဒန်းရဲ့ တရားဝင် ပြောကြားချက်အရ ဒန်နီရယ် ဆယ်ဘယ်လို ဟာခီမီတို့ အပါအ၀င် အဓိက ကစားသမားများဖြစ်ကြတဲ့ နောက်ခံလူ ရာမို့စ်နဲ့ တိုက်စစ်မှူး ဘန်ဇီးမားတို့လည်း ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဒါ့အပြင် နောက်ထပ် လူငယ်ကစားသမားတစ်ဦးဖြစ်တဲ့ မားကို့စ် လော်ရန်တေးမှာလည်း ဒဏ်ရာကနေ သက်သာခြင်းမရှိသေးတာကြောင့် ပါဝင် နိုင်အုံးမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

အခြား ထိပ်တန်း ကစားသမားများဖြစ်တဲ့ ရော်နယ်ဒို၊နဲ့အတူ ဂါရတ်ဘေးလ်လည်း ပွဲထွက်လာဖို့ ရှိနေတယ်လို့ သိရပါတယ်။

ရီးရဲနဲ့ ဗီလာရီးရဲအသင်းတို့မှာ နောက်ဆုံး ၁၂ ကြိမ်တွေ့ဆုံထားရာမှာတော့ ရီးရဲအသင်းက ၇ ပွဲနိုင်ထားပြီး ဗီလာရီးရဲ အသင်းက ၁ပွဲသာအနိုင်ရ ထားကာ ၄ ပွဲအထိ သရေကျထားပါတယ်။

ရီးရဲအိမ်ကွင်း နောက်ဆုံးအကြိမ်တွေ့ဆုံထားရာမှာတော့ တစ်ဖက်တစ်ဂိုးစီ သရေကျထားပြီး ဒီနှစ်သင်း ယခုနှစ် ရာသီ ပထမအကျော့ ဗီလာရီးရဲ အသင်းအိမ်ကွင်းမှာ တွေ့ဆုံစဉ်ကတော့ ရီးရဲအသင်းက ၂-၃ ဂိုးနဲ့ အနိုင်ရရှိထားပါတယ်။

Source- Marca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video