AD
AD
AD

အာဆင်နယ်အသင်းရဲ့ နည်းပြ အာစင်ဝင်းဂါးအနေနဲ့ လူငယ်ကစားသမားများကို ပြုစုပျိုးထောင်ရာမှာ အရည်အချင်း မြင့်မားတာကြောင့် ဘော လုံးလောကမှာ နာမည်ကြီး ထင်ရှာသူလည်း ဖြစ်ပါတယ်။

အာစင်ဝင်းဂါး စောင့်ကြည့်ခေါ်ယူခဲ့ပြီး ဥရောပ ဘောလုံးဇာတ်ခုံပေါ်မှာ မြင့်မားခဲ့တဲ့ ကစားသမား များစွာ ရှိခဲ့သလိုပဲ အာစင်ဝင်းဂါး ခေါ်ယူခွင့် ရခဲ့ပါလျက်နဲ့ မခေါ်ယူနိုင်ခဲ့ပဲ လက်လွှတ်ခဲ့ရတဲ့ လက်ရှိ ကမ္ဘာကျော် ဘောလုံးသမား များလည်း ရှိပါတယ်။

အဆိုပါ ကစားသမားတွေထဲကမှ ထိပ်သီးကစားသမား (၁၀)ဦးကတော့ -

play

 

(၁၀) ဘူဖွန်
------------

ဂျူဗင်တပ်အသင်းရဲ့ သက်တမ်း ရင့် ဂိုးသမားကြီး ဘူဖွန်ဟာ တစ်ချိန်တုန်းက အာဆင်နယ်အသင်းကို ရောက်ရှိဖို့ နီးစပ်ခဲ့ဖူးတယ်လို့ ထုတ်ဖော် ပြောခဲ့ပါတယ်။ဒါပေမယ့်လည်း နိုင်ငံနဲ့ ကလပ်အသင်းကို ချစ်မြတ်နိုးတဲ့စိတ်ကြောင့် အီတလီကို စွန့်ခွာပြီး အင်္ဂလန်ကို လာရောက်ဖို့ ငြင်းဆန်ခဲ့ တယ်လို့လည်းသိရပါတယ်။

play

 

(၉) ကွန်ပနီ
------------

လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးဟာ ဘယ်လ်ဂျီယံမှာကစားနေတဲ့ ကွန်ပနီကို တွေ့ရှိခဲ့ပါတယ်။အဲ့တုန်းက အာ စင်ဝင်းဂါးဟာ ကွန်ပနီရဲ့ အေးဂျင့်နဲ့ အကြိမ်ကြိမ်တွေ့ဆုံခဲ့ကြပြီး ဆွေးနွေးခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကစားသမားဟာ အာဆင်နယ်လို ထိပ် သီး အသင်းကို ငြင်းဆန်ပြီး ဂျာမန်ကလပ် ဟမ်းဘတ်အသင်းကို ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

play

 

(၈) တိုရေး
----------

ဆယ်ကျော်သက်ကစားသမားဘ၀မှာ ယာယာတိုရေးဟာ ဘယ်လ်ဂျီယံလိဂ်မှာ ကျင်လည်ခဲ့ပါတယ်။ ထိုစဉ်က အာဆင်နယ်အသင်းမှာ ကစား နေတဲ့ ၎င်းရဲ့ အကိုဖြစ်သူ ကိုလိုတိုရေးကြောင့် ၎င်းဟာ အာဆင်နယ်အသင်းမှာ အကိုဖြစ်သူနဲ့အတူ လေ့ကျင့်ခန်း လိုက်ဆင်းဖို့ အာစင်ဝင်းဂါးထံ ခွင့်တောင်းခဲ့ပေမယ့်အာစင်ဝင်းဂါးက ငြင်းဆန်ခဲ့တာကြောင့် ယာယာကို အာစင်ဝင်းဂါး လက်လွဲခဲ့ရတာလည်း ဖြစ်ပါတယ်။

play

 

(၇) ပေါ့ဂ်ဘာ
-------------

၂၀၁၂မှာ မန်ယူကထွက်တော့ အာစင်ဝင်းဂါးက ပေါ့ဂ်ဘာကို အလျင်အမြန်ချိတ်ဆက်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ၀င်းဂါးထက် ဦးတဲ့သူ ပေါ်ခဲ့ပြီး ပေါ့ဂ်ဘာတစ်ယောက် ဂျူဗင်တပ်အသင်းကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

play

 

(၆) ဇာဗီ အလွန်ဆို
-------------------

၂၀၀၉ ခုနှစ်က ဇာဗီအလွန်ဆိုကို အာဆင်နယ် ချိတ်ဆက်ခဲ့တုန်းက လီဗာပူးက ပေါင် ၁၈ သန်းတောင်းခဲ့ရာမှာ အာစင်ဝင်းဂါးက ၁၅ သန်းသာ ပေးချေမယ်ဆိုပြီး ခေါင်းမာခဲ့တာကြောင့် ရီးရဲအသင်းက ပေါင် သန်း ၃၀ နဲ့ ကြားဖြတ်ယူသွားတာ ခံခဲ့ရတာ ဖြစ်ပါတယ်။

play

 

(၅) ရော်နယ်ဒင်ဟို
------------------

၂၀၀၁ ခုနှစ်က ပီအက်ဂျီအသင်းကို မရောက်ရှိခင် အာစင်ဝင်းဂါး ခေါ်ယူနိုင်ဖို့ အလွန်နီးစပ်ခဲ့တဲ့ ကစားသမားပါ။ ၀င်းဂါးအနေနဲ့ ဒင်ဟိုရဲ့ အကို ဖြစ်သူနဲ့ စာချုပ်ကိစ္စတွေ ဆွေးနွေးခဲ့ပေမယ့်လည်း ကံဆိုးစွာပဲ အင်္ဂလန်မှာ ဒင်ဟို အလုပ်လုပ်ခွင့် ပါမစ် မရခဲ့တာကြောင့် နောက်ဆုံးမှာတော့ အာစင်ဝင်းဂါး လက်လွှတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

play

 

(၄) အီဘရာဟီမိုဗစ်
--------------------

မယ်လ်မို အသင်းကနေ ၂၀၀၀ ခုနှစ်က ပေါင် ၃ သန်းနဲ့ ရောက်ရှိဖို့ နီးစပ်ခဲ့သူပါ။ အဲ့အချိန်တုန်းက မိုဗစ်ဟာ အာဆင်နယ်အသင်းရဲ့ လေ့ကျင့် ရေးကွင်းကို အလည်အပတ်ရောက်ရှိခဲ့ဖူးပြီး အာစင်ဝင်းဂါးရဲ့ တောင်းဆိုချက်ကြောင့်လွဲခဲ့ရတာ ဖြစ်ပါတယ်။ အာစင်ဝင်းဂါး တောင်းဆိုခဲ့တာ ကတော့ အစမ်းသဘောမျိုး ပွဲအနည်းငယ် ကစားပေးနိုင်မလားလို့ မေးမြန်းခဲ့တာဖြစ်ပြီး မိုဗစ်က ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

play

 

(၃) မက်ဆီ
-----------

၂၀၀၃ ခုနှစ်က ဖာဘရီဂတ်ကို ဘာစီလိုနာ အကယ်ဒမီက ခေါ်ထုတ်တော့ အာစင်ဝင်းဂါး ကြိုးပမ်းခဲ့တဲ့ နောက်ထပ် ကစားသမားနှစ်ယောက်ရှိ ပါတယ်။အဲ့ကစားသမားတွေကတော့ မက်ဆီနဲ့ ဂျရတ်ပီကေးပဲ ဖြစ်ပါတယ်။ဒါပေမယ့်လည်း နောက်ဆုံးမှာတေ့ ဖာဘရီဂတ်တစ်ယောက်တည်း ကိုသာ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။အဲ့တုန်းကသာ မက်ဆီကိုပါ အာစင်ဝင်းဂါး ထပ်မံ ရရှိလိုက်မယ်ဆိုရင် အာဆင်နယ်ဟာ ဒီကနေ့ အချိန်မှာ ဥရောပရဲ့ ကြောက်စရာအကောင်းဆုံး အသင်းတစ်သင်းဖြစ်နေလောက်ပြီလည်း ဖြစ်ပါတယ်။

play

 

(၂) ရော်နယ်ဒို
--------------

ရော်နယ်ဒိုကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တာက အာစင်ဝင်းဂါးပါ၊ဖာဂူဆန်မဟုတ်ပါဘူး။ ပြင်သစ်မှာ ကျင်းပခဲ့တဲ့ လူငယ်ပွဲတစ်ခုမှာ အာစင်ဝင်းဂါး ရဲ့ ကင်းထောက် ဒါမီယန်း ကိုမိုလီဟာ ရော်နယ်ဒိုကို ရှာဖွေတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုက ငယ်စဉ်ကတည်းက အာဆင်နယ် အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို နှစ်ခေါက်တိတိရောက်ခဲ့ဖူးပြီး ၎င်းရဲ့ အားကျရတဲ့ အွန်နရီကို အမြဲတွေ့ဆုံခဲ့တာပါ။ ဒါပေမယ့်လည်းဝင်းဂါးဟာ ရော်နယ်ဒိုကို ခေါ်ယူဖို့ မေ့မေ့ပျောက်ပျောက် ဖြစ်ခဲ့တာ ဖြစ်ပြီး လအနည်းငယ်အကြာမှာတော့ ဖာဂူဆန်က မန်ယူနဲ့ လစ္စဘွန်းပွဲစဉ်မှာ ရော်နယ် ဒိုကို တွေ့ရှိသွားပြီး ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။

play

 

(၁) ဘတ်ပေး
--------------

၂၀၁၆-၁၇ ဘောလုံးရာသီမှာ မိုနာကိုနဲ့ တောက်ပခဲ့တဲ့ ဘတ်ပေးကို ပီအက်စ်ဂျီအသင်းက ခေါ်ယူနိုင်ခဲ့ပါတယ်။ ပြင်သစ်သားတစ်ယေက်ဖြစ်တဲ့ ၀င်းဂါးဟာ ဘတ်ပေးရဲ့ မိဘတွေနဲ့ တွေ့ဆုံ စကားပြောခဲ့ဖူးပြီး ဖီဖာရဲ့ စည်းမျဉ်းအရ ပေါင် ၂၃၀၀၀၀ ပေးဖို့ သဘောတူညီခဲ့ပြီလည်း ဖြစ်ပါ တယ်။ ဒါပေမယ့်လည်း ဘတ်ပေးကို မိုနာကိုအသင်းက စာချုပ်သက်တမ်း တိုးဖို့ လုပ်ဆောင်ခဲ့တာကြောင့် ခေါ်ယူခွင့်မကြုံခဲ့ပြန်တော့တာဖြစ်ပါ တယ်။

Source- Sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD