AD
AD
AD

ယနေ့နံနက်မှာ နောက်ဆုံးရရှိထားတဲ့ ဥရောပတလွှားက သတင်းတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

 

တရားဝင်ဆုံးဖြတ်ချက်ပေးတော့မယ့် အင်နီယေစတာ

play

 

ဘာစီလိုနာအသင်းရဲ့ဝါရင့်ကွင်းလယ်ကစားသမား အင်နီယေစတာဟာ ကိုပါဒယ်ရေးဗိုလ်လုပွဲပွဲ ကစားပြီးချိန်မှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အတည်ပြုပြောကြားသွားဖွယ်ရှိကြောင်း သိရပါတယ်။ အင်နီယေစတာနဲ့ ဘာစီလိုနာအသင်းတို့ကြားက စာချုပ်သက်တမ်းက ကျန်ရှိနေသေးပေမယ့် လာမယ့်ဧပြီလ ၃၀ ရက်နေ့မှာ အင်နီယေစတာအနေနဲ့ အသင်းကနေ ထွက်ခွာမယ်လို့ ကြေညာခဲ့မယ်ဆိုရင် ယင်းစာချုပ်ကို ဖျက်သိမ်းနိုင်ပါတယ်။

 

ဘူဖွန်ကို ခေါ်ယူမယ့် ဘိုကာဂျူနီယာ

play

အာဂျင်တီးနားလိဂ်အသင်းဖြစ်တဲ့ ဘိုကာဂျူနီယာအသင်းဟာ ဂျူဗင်တပ်အသင်းရဲ့ ဝါရင့်ဂိုးသမားကြီး ဘူဖွန်ကို အံ့အားသင့်ဖွယ်ခေါ်ယူမှု ပြုလုပ်သွားမယ်လို့ Radio Continental ရဲ့သတင်းအရ သိရပါတယ်။ ဘိုကာဂျူနီယာအသင်းရဲ့ တိုက်စစ်မှူး ကားလို့စ်တိဗက်ဟာ လာမယ့်ဇွန်လမှာ အသင်းဖော်ဟောင်း ဘူဖွန်ကို ဘိုကာဂျူနီယာအသင်းထံ ပြောင်းရွှေ့ချင်လာအောင် ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

 

တူချယ်နဲ့ပတ်သက်တဲ့ သတင်းတွေ ကို ငြင်းပယ်လိုက်တဲ့ ပီအက်စ်ဂျီအသင်းပိုင်ရှင်

play

 

ပီအက်စ်ဂျီအသင်းပိုင်ရှင် နက်ဆာအယ်ခါလီဖီက အသင်းအနေနဲ့ သောမတ်တူချယ်ကို နည်းပြအဖြစ် ခန့်အပ်လိုက်ပြီဆိုတဲ့သတင်းတွေကို ပယ်ချသွားခဲ့ပါတယ်။ ဒေါ့မွန်နည်းပြဟောင်း တူချယ်ဟာ မကြာသေးမီကပဲ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ သဘောတူလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ မိုနာကိုအသင်းကို ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ပီအက်စ်ဂျီအသင်းပိုင်ရှင် နက်ဆာအယ်ခါလီဖီက"တကယ်လို့ ကျွန်တော်တို့ တစ်စုံတစ်ယောက်နဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီဆိုရင် ခင်ဗျားတို့သိအောင် ကြေညာသွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

 

မက်ဒရစ်မြို့မှာ အိမ်ရှာနေတဲ့ မိုဟာမက်ဆာလာ

play

 

လီဗာပူးအသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင် မိုဟာမက်ဆာလာဟာ လာမယ့်နွေရာသီမှာ ရီးရဲမက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖို့အတွက် မက်ဒရစ်မြို့မှာ အိမ်ဝယ်ယူဖို့ လိုက်လံရှာဖွေနေတယ်လို့ Diario Gol ရဲ့ရေးသားချက်အရ သိရပါတယ်။ မိုဟာမက်ဆာလာရဲ့ အသင်းဖော်ဟောင်းဖြစ်တဲ့ ကော်တင်ဟိုကလည်း ရီးရဲမက်ဒရစ်အသင်းထံ ပြောင်းရွှေ့လာတော့မယ့် အီဂျစ်တောင်ပံကစားသမားနဲ့ပတ်သက်ပြီး ပြင်ဆင်ထားဖို့ မက်ဆီကို အသိပေးထားတယ်လို့ သိရပါတယ်။

 

အစ်စ်ကို ကို ခေါ်ယူဖို့အတွက် ဒီဂီယာနဲ့ လဲလှယ်ဖို့ ပြင်ဆင်နေတဲ့ မန်ယူ

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ဂိုးသမား ဒေးဗစ်ဒီဂီယာကို ရီးရဲမက်ရစ်အသင်းထံ ရောင်းချဖို့ ပြင်ဆင်နေပြီး အစ်စ်ကိုကို ပြန်လည်ခေါ်ယူသွားမယ်လို့ Don Balon က ရေးသားထားပါတယ်။ ယမန်နေ့က မာလာဂါအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အကောင်းဆုံးစွမ်းဆောင်ရည်ပြသနိုင်ခဲ့တဲ့ အစ်စ်ကို ကို ခေါ်ယူနိုင်ဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းက ရီးရဲမက်ဒရစ်အသင်းကို ဒီဂီယာနဲ့ သွေးဆောင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD