AD
AD
AD

ယနေ့နံနက်မှာ နောက်ဆုံးရရှိထားတဲ့ ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ စတဲ့ ဥရောပထိပ်သီးလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်တဲ့သတင်းတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

play

 

- Daily Mail ရဲ့ရေးသားချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီမှာ ပေါ့ဂ်ဘာကို ပေါင်သန်း ၁၄၀ နဲ့ ကမ်းလှမ်းတဲ့အသင်းရှိလာခဲ့ရင် ရောင်းချသွားမယ်လို့ သိရပါတယ်။

play

 

- ရီးရဲမက်ဒရစ်အသင်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့တိုက်စစ်မှူး ဟယ်ရီကိန်းကို ပေါင် ၁၇၅ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပြီလို့ Don Balon က ရေးသားထားပါတယ်။

play

 

- မန်ချက်စတာစီးတီးအသင်းဟာ လက်စတာစီးတီးအသင်းရဲ့တောင်ပံကစားသမား မာရက်ဇ်ကို ယခုလာမယ့်နွေရာသီမှာ ထပ်မံခေါ်ယူဖို့ကြိုးပမ်းသွားမယ်လို့ သိရပြီး ပေါင်သန်း ၆၀ အထိ ပေးချေဖို့အဆင်သင့်ရှိနေတယ်လို့ The Mirror သတင်းတစ်ရပ်က ဆိုပါတယ်။

play

 

- လီဗာပူးအသင်းရဲ့နည်းပြ ယာဂန်ကလော့ပ်ဟာ လီဗာပူးအသင်းနဲ့ချုပ်ဆိုထားတဲ့စာချုပ်ထဲမှာ စာချုပ်မပြည့်မီထွက်ခွာနိုင်တဲ့အချက် မပါရှိတဲ့အတွက် ထွက်ခွာဖို့ခက်ခဲကြောင်းပြောကြားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်ရာသီမှာ နည်းပြအသစ် ခန့်အပ်သွားဖို့ရှိနေပြီး နည်းပြရာထူးအတွက် မိမိကို ဆက်သွယ်ခြင်းမရှိကြောင်း၊ လီဗာပူးအသင်းမှာ ၂၀၂၂ အထိ ရှိနေမှာဖြစ်ကြောင်း ယာဂန်ကလော့ပ်က ပြောကြားခဲ့ပါတယ်။

play

 

- ရီးရဲမက်ဒရစ်အသင်းဟာ ဂါရတ်ဘေးလ်အသင်းကနေ ထွက်ခွာခဲ့မယ်ဆိုရင် ချယ်ဆီးအသင်းရဲ့တောင်ပံကစားသမား အီဒင်ဟာဇက်ကို ခေါ်ယူဖို့ ကြိုးပမ်းမှာဖြစ်တယ်လို့ Daily Mail က ရေးသားထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD