AD
AD
AD

ယနေ့နံနက်မှာ နောက်ဆုံးရရှိထားတဲ့ ပရီးမီးယားလိဂ်၊ စီးရီးအေ၊ လာလီဂါတို့က အပြောင်းအရွှေ့သတင်းတွေနဲ့ အခြား ဆက်စပ်သတင်းတွေကို Duwun Sports ပရိသတ်ကြီးအတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

play

 

- ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူး နေမာဟာ ရီးရဲမက်ဒရစ်အသင်းရဲ့ဘလွန်းဒီအော် ၅ ဆုပိုင်ရှင် ခရစ်စတီယာနိုရော်နယ်ဒိုနဲ့ အတူတွဲဖက်ကစားလိုတဲ့ ဆန္ဒရှိနေကြောင်း Marca က ရေးသားထားပါတယ်။ ရီးရဲမက်ဒရစ်အသင်းကလည်း နေမာ ရောက်ရှိလာခဲ့မယ်ဆိုရင် မြင့်မားတဲ့လစာငွေ ပေးချေဖို့ အဆင်သင့်ဖြစ်နေပြီး ရော်နယ်ဒိုကိုလည်း ပျော်ရွှင်ကျေနပ်စေမယ့် လစာငွေ တိုးမြှင့်ပေးဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

play

 

- မန်ချက်စတာယူနိုက်တက်အသင်းဟာ လာဇီယိုအသင်းရဲ့ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်ကစားသမား မီလင်ကိုဗစ်ဆားဗစ်ကို ပေါင်သန်း ၈၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ The Sun သတင်းတစ်ရပ်အရ သိရပါတယ်။ ဆာဘီးယားနိုင်ငံသား မီလင်ကိုဗစ်ဆားဗစ်ဟာ ပေါင် ၈၉ သန်းတန်ကြေးရှိတဲ့ ပေါ့ဂ်ဘာပြီးရင် ပရီးမီးယားလိဂ်ရဲ့ ဒုတိယပြောင်းရွှေ့ကြေးအများဆုံး ကစားသမားဖြစ်လာမယ်လို့ သိရပြီး မန်ချက်စတာယူနိုက်တက်အသင်းက နွေရာသီမှာ ပထမဆုံးခေါ်ယူမယ့်ကစားသမားဖြစ်တယ်လို့ သိရပါတယ်။

play

 

- အာဆင်နယ်၊ ချယ်ဆီး၊ တော့တင်ဟမ်ဟော့စပါးအသင်းတို့ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်ကြယ်ပွင့်တိုက်စစ်မှူး အန်သိုနီမာရှယ်ကို အပြိုင်အဆိုင်ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း Daily Mail က ရေးသားထားပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ မာရှယ်ကို ရောင်းချဖို့အတွက် ဆန္ဒရှိနေတယ်လို့ သိရပြီး လာမယ့်ရာသီအထိ အသင်းမှာ ဆက်လက်ရှိနေမယ်လို့ ပြောဆိုထားပါတယ်။

play

 

- လီဗာပူးအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ အင်တာမီလန်အသင်းရဲ့ ဆယ်ကျော်သက်တိုက်စစ်မှူး အန်ဒရီပီနာမွန်တီကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ Gazzetta dello Sport က ရေးသားထားပါတယ်။ ပီနာမွန်တီဟာ ယခုလနှောင်းပိုင်းမှာ အသက် ၁၉ နှစ် ပြည့်မြောက်မှာဖြစ်ပြီး အီတလီ ယူ-၁၉ အသင်းမှာ အကောင်းဆုံးပုံစံပြသနိုင်ခဲ့တာကြောင့် လက်ရွေးစင်အသင်းကြီးမှာ ရွေးချယ်ခံရဖို့ နီးစပ်နေသူဖြစ်ပါတယ်။

play

 

- လက်စတာစီးတီးအသင်းရဲ့ တောင်ပံကစားသမား မာရက်ဇ်ဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေကြောင်း Express က ရေးသားထားပါတယ်။ မာရက်ဇ်ဟာ မန်ချက်စတာစီးတီးအသင်းရဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့သူဖြစ်ပြီး အသင်းမှာ ဆက်လက်ရှိနေတာဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာရက်ဇ်ဟာ ယခုနွေရာသီမှာတော့ အနာဂတ်အတွက် အသင်းသစ်ကို ရှာဖွေနေတယ်လို့ သိရပြီး လန်ဒန်မှာ အိမ်ပိုင်ဆိုင်ထားတာကြောင့် အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ ပိုမိုဆန္ဒရှိနေတယ်လို့ သိရပါတယ်။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD