AD
AD
AD

ယနေ့နံနက်မှာ နောက်ဆုံးရရှိထားတဲ့ ဥရောပတလွှားက အားကစားသတင်းတွေကို Duwun Sports ပရိသတ်ကြီး ဖတ်ရှုနိုင်အောင် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

play

 

- ရီးရဲမက်ဒရစ်အသင်းဟာ ချယ်ဆီးအသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့တိုက်စစ်မှူး လီဝန်ဒေါစကီးကို ခေါ်ယူဖို့အတွက် စဉ်းစားနေဆဲဖြစ်ကြောင်း Evening Standard က ရေးသားထားပါတယ်။ လီဝန်ဒေါစကီးအနေနဲ့ လာမယ့်ရာသီမှာ ယူရိုပါလိဂ်သာ ကစားရမယ့် ချယ်ဆီးထက် ရီးရဲမက်ဒရစ်အသင်းထံ ပိုမိုပြောင်းရွှေ့လိုမှာ သေချာပါတယ်။

play

 

- မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်ဘယ်နောက်ခံကစားသမား အဲလက်စ်ဆန်ဒရိုကို အလျင်အမြန်ဖိအားပေးခေါ်ယူမှု ပြုလုပ်သွားမယ်လို့ Daily Mail က ရေးသားထားပါတယ်။ မန်ယူအသင်းရဲ့ဘယ်နောက်ခံကစားသမား အက်ရှ်လေယန်းဟာ ယခုရာသီမှာ အကောင်းဆုံးပုံစံပြသနိုင်ခဲ့ပေမယ့် နည်းပြမော်ရင်ဟိုက အဲလက်စ်ဆန်ဒရိုကို ပေါင် ၄၅ သန်းအထိ ပေးချေပြီး ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

play

 

- ဂျူဗင်တပ်အသင်းဟာ ဥရောပထိပ်သီးအသင်းအများစုက စိတ်ဝင်စားပြီး စောင့်ကြည့်နေတဲ့ လာဇီယိုအသင်းရဲ့ကွင်းလယ်ကစားသမား မီလင်ကိုဗစ်ဆားဗစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီလို့ Tuttosport က ရေးသားထားပါတယ်။ ဆားဘီးယားလူမျိုးကစားသမားဖြစ်တဲ့ မီလင်ကိုဗစ်ဆားဗစ်ကို မန်ယူအသင်းက ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်တယ်လို့ သိရပြီး ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၈၀ ကနေ ယူရိုသန်း ၁၀၀ ကြား ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။

play

 

- မန်ချက်စတာစီးတီးအသင်းရဲ့လက်ထောက်နည်းပြ အာတီတာဟာ အာဆင်နယ်အသင်းရဲ့နည်းပြရာထူးနဲ့ လွဲချော်ခဲ့ပြီးနောက် မန်စီးတီးအသင်းနဲ့အတူ စာချုပ်သစ် ချုပ်ဆိုပြီး နည်းပြပက်ဂွါဒီယိုလာရဲ့လက်အောက်မှာပဲ ဆက်ရှိနေတော့မယ်လို့ သိရပါတယ်။

play

 

- ဝက်စ်ဟမ်းအသင်းရဲ့နည်းပြသစ် ပယ်လီဂရီနီဟာ အပြောင်းအရွှေ့ဈေးကွက်မှာ အသုံးပြုဖို့အတွက် ပေါင် ၇၅ သန်းအထိ ရရှိထားတယ်လို့ သိရပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ပြုပြင်ပြောင်းလဲမှုကြီးကြီးမားမား ပြုလုပ်တော့မှာဖြစ်ပြီး လူငယ်ကစားသမားတွေကို အသင်းကို ပြန်လည်တည်ဆောက်မှာဖြစ်တဲ့အတွက် အသင်းရဲ့ကစားသမားဟောင်းအချို့ကို ရောင်းထုတ်မယ်လို့ သိရပါတယ်။ နယူးကာဆယ်အသင်းရဲ့ လက်ဆယ်လီနဲ့ ဘန်လေအသင်းရဲ့ကစားသမား တာကောစကီးတို့ဟာ ဝက်စ်ဟမ်းအသင်းရဲ့ နွေရာသီအပြောင်းအရွှေ့အတွက် အဓိကပစ်မှတ်တွေဖြစ်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD