AD
AD
AD

ယနေ့နံနက်မှာ နောက်ဆုံးရရှိထားတဲ့ ဥရောပတလွှားက ထူးခြားသတင်းတွေကို Duwun Sports ပရိသတ်ကြီး ဖတ်ရှုနိုင်အောင် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

play

 

- မန်ချက်စတာစီးတီးအသင်းဟာ လက်စတာစီးတီးအသင်းရဲ့တောင်ပံကစားသမား မာရက်ဇ်ကို ခေါ်ယူဖို့ ညှိနှိုင်းဆွေးနွေးမှုကို လာမယ့်နှစ်ပတ်အတွင်း အပြီးသတ်နိုင်ဖွယ်ရှိပြီး ပေါင်သန်း ၆၀ နဲ့ ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ မာရက်ဇ်ကို ခေါ်ယူနိုင်ဖို့ သေချာသလောက်ဖြစ်နေပြီဖြစ်တာကြောင့် ချယ်ဆီးအသင်းရဲ့တောင်ပံကစားသမား ဟာဇက်ကို ခေါ်ယူဖို့ ကြိုးပမ်းတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။

play

 

- မန်ချက်စတာယူနိုက်တက်အသင်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့နောက်ခံကစားသမား အယ်ဒါဝဲလ်ကို ခေါ်ယူဖို့အတွက် စပါးအသင်းနဲ့ ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပြီး စပါးအသင်းက အယ်ဒါဝဲလ်အတွက် ပေါင် ၇၅ သန်းအထိ လိုချင်နေတယ်လို့ Mirror က ရေးသားထားပါတယ်။ အယ်ဒါဝဲလ်ဟာ စပါးအသင်းနဲ့ လာမယ့် ၂၀၂၀ မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်ကစားသမားဖြစ်ပြီး အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီထားခြင်းမရှိသေးပါဘူး။

play

 

- အက်သလက်တီကိုမက်ဒရစ်အသင်းဟာ အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ဂရစ်ဇ်မန်းကို ဘာစီလိုနာအသင်းထံ မပြောင်းရွှေ့ဖြစ်အောင် တစ်နှစ်လုပ်ခ ပေါင် ၂၂ သန်းတန်ကြေးရှိတဲ့ စာချုပ်သစ်ကို ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းက ဂရစ်ဇ်မန်းကို တစ်နှစ်လုပ်ခ ပေါင် ၁၃ သန်းနဲ့ ကမ်းလှမ်းထားတာဖြစ်ပြီး ဂရစ်ဇ်မန်းကလည်း နူးကမ့်ကို ပြောင်းရွှေ့လိုတဲ့ဆန္ဒရှိနေတာဖြစ်ပါတယ်။

play

 

- မန်ယူအသင်းရဲ့နောက်ခံကစားသမား အဲရစ်ဘိုင်လီဟာ ယခုနွေရာသီမှာ အသင်းကနေ ရောင်းထုတ်ခံရတော့မယ့်ကစားသမားဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပြီး ဘိုင်လီအနေနဲ့ မန်ယူကနေ မထွက်ခွာလိုကြောင်း Manchester Evening News က ရေးသားထားပါတယ်။ ဘိုင်လီဟာ ယခုရာသီ နောက်ဆုံးပွဲစဉ် ၁၀ ပွဲမှာ ၂ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့်ရခဲ့ပေမယ့် အသင်းမှာ ပျော်ရွှင်နေကြောင်းသိရပါတယ်။

play

 

- ပ်ီအက်စ်ဂျီအသင်းဟာ ဝါရင့်ဂိုးသမားကြီး ဘူဖွန်ကို လေးနှစ်စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့တယ်လို့ La Repubblica က ရေးသားထားပါတယ်။ ဘူဖွန်ဟာ ဂျူဗင်တပ်အသင်းကနေ ထွက်ခွာပြီးနောက် အင်္ဂလန်နဲ့ ပြင်သစ် တစ်နေရာရာကို သွားရောက်ဖို့ စိတ်ကူးထားပြီး ပီအက်စ်ဂျီအသင်းရဲ့ ကမ်းလှမ်းမှုဟာ ဘူဖွန်ကို ကာတာမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားရဲ့ သံတမန်တစ်ဦးဖြစ်လာစေနိုင်တာကြောင့် ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ပြီး ကစားသမားဘဝကို အဆုံးသတ်ဖွယ်ရှိနေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD