AD
AD
AD

ယနေ့နံနက်မှာ နောက်ဆုံးရရှိထားတဲ့ ဥရောပတလွှားက ထူးခြားသတင်းတွေကို Duwun Sports ပရိသတ်ကြီးအတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

play

- ဘိုင်ယန်မြူးနစ်အသင်းရဲ့ကွင်းလယ်ကစားသမား အာတူရိုဗီဒယ်ဟာ ယခုနွေရာသီမှာ အသင်းဟောင်း ဂျူဗင်တပ်အသင်းကို ပြန်လည်ပြောင်းရွှေ့လိုတဲ့ဆန္ဒရှိနေကြောင်း Calciomercato က ရေးသားထားပါတယ်။ ဗီဒယ်ဟာ ဂျူဗင်တပ်အသင်းမှာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ၄ ရာသီကစားခဲ့ဖူးပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ လာမယ့်ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ် ဗီဒယ်ကို ဘိုင်ယန်မြူးနစ်အသင်းကလည်း ရောင်းထုတ်ဖို့ စဉ်းစားနေတာဖြစ်ပါတယ်။

play

 

- လာဇီယိုအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ ကမ်းလှမ်းထားတဲ့ ကွင်းလယ်ကစားသမား မီလင်ကိုဗစ်ဆားဗစ်ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် ၈၇.၅ သန်းအထိ တိုးမြှင့်တောင်းဆိုလိုက်တယ်လို့ Daily Mail က ရေးသားခဲ့ပါတယ်။ မီလင်ကိုဗစ်ဆားဗစ်ကို ရီးရဲမက်ဒရစ်နဲ့ ပီအက်စ်ဂျီအသင်းတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး မန်ယူအသင်းအနေနဲ့ ဖရက်ဒ်ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် မီလင်ကိုဗစ်ဆားဗစ်ကို များပြားတဲ့ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။

play

 

- အာဆင်နယ်အသင်းဟာ နိုက်စ်အသင်းရဲ့ကွင်းလယ်ကစားသမား ဂျင်းမိုက်ကယ်ဆီရီကို စိတ်ဝင်စားနေဆဲဖြစ်ကြောင်း Sky Sports က ရေးသားထားပါတယ်။ အာဆင်နယ်အသင်းရဲ့နည်းပြသစ်ဖြစ်သူ အူနိုင်းအူမရီဟာ ပီအက်စ်ဂျီအသင်းမှာ ရှိနေခဲ့စဉ် ဇန်နဝါရီအပြောင်းအရွှေ့ကာလတုန်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပြီး ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်တွေအတွက် အရေးယူခံရမှာစိုးတာကြောင့် လက်လျှော့ခဲ့ရတာဖြစ်ပါတယ်။ ဆီရီကို ပေါင် ၃၅ သန်းနဲ့အထက် ပြောင်းရွှေ့ကြေးနဲ့ကမ်းလှမ်းခဲ့မယ်ဆိုရင် အသင်းက ထွက်ခွာခွင့်ပြုမယ်လို့ ဆီရီနဲ့ နိုက်စ်အသင်းတို့ သဘောတူညီမှုရရှိထားတယ်လို့ သိရပါတယ်။

play

 

- လီဗာပူးအသင်းဟာ လိုင်ယွန်ကြယ်ပွင့်ကစားသမား ဖီကီရာကို ခေါ်ယူဖို့အတွက် နီးစပ်နေပြီဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီမှာ အပြောင်းအရွှေ့အပြီးသတ်လိမ့်မယ်လို့ The Guardian က ရေးသားထားပါတယ်။ အသက် ၂၄ နှစ်အရွယ်သာရှိသေးတဲ့ ဖီကီရာဟာ လိုင်ယွန်အသင်းအတွက် ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ ၁၈ ဂိုးသွင်းယူပေးထားပြီး ပြင်သစ်လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံထားရသူဖြစ်ပါတယ်။

play

 

- ရီးရဲမက်ဒရစ်အသင်းဟာ အသင်းရဲ့ကြယ်ပွင့်ကွင်းလယ်ကစားသမား အဆန်စီယိုကို ယူရိုသန်း ၁၅၀ နဲ့ ကမ်းလှမ်းခဲ့တဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းကို ပယ်ချခဲ့တယ်လို့ အဆန်စီယိုရဲ့ကိုယ်စားလှယ်က ပြောကြားခဲ့ပါတယ်။ အဆန်စီယိုဟာ ပြီးခဲ့တဲ့နှစ်ကပဲ ရီးရဲမက်ဒရစ်အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့သူဖြစ်ပြီး စာချုပ်လျော်ကြေးဟာ ယူရိုသန်း ၇၀၀ ရှိတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD