AD
AD
AD

ယနေ့နံနက်မှာ နောက်ဆုံးရရှိထားတဲ့ ဥရောပတလွှားက ထူးခြားသတင်းတွေကို Duwun Sports ပရိသတ်ကြီး ဖတ်ရှုနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။

play

 

- မန်ချက်စတာယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်းအသင်းကို အငှားနဲ့သွားရောက်ကစားနေတဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ဂိုးသမား ဂျိုးဟတ်ကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ The Sun က ရေးသားထားပါတယ်။ မန်ယူအသင်းဟာ ပွဲထွက်ခွင့်မရဖြစ်နေတဲ့ ရိုမီယိုကို ယခုနွေရာသီမှာ ဆုံးရှုံးရမှာ စိုးရိမ်နေပြီး ဒီဂီယာကို အနားပေးတဲ့အချိန်မှာ အရန်အနေနဲ့ ဂျိုးဟတ်ကို ခေါ်ယူဖို့ စီစဉ်နေတာဖြစ်တယ်လို့ သိရပါတယ်။

play

 

- ရီးရဲမက်ဒရစ်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ ယနေ့နံနက်မှာ ရီးရဲမက်ဒရစ်အသင်းနဲ့အတူ ကစားသမားသက်တမ်းတစ်လျှောက် ချန်ပီယံလိဂ်ဖလားကို ၅ ကြိမ်မြောက် ကိုင်မြှောက်နိုင်ခဲ့ပြီး ပွဲအပြီးမှာ ရီးရဲမက်ဒရစ်အသင်းကနေ ထွက်ခွာဖွယ်ရှိနေတယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ ပရိသတ်တွေအားလုံးကို လာမယ့်ရက်ပိုင်းအတွင်းမှာ အဖြေပေးသွားမယ်လို့ ပြောကြားခဲ့ပြီး ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းဟောင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖွယ်ရှိနေကြောင်း အားကစားသတင်းဌာနတွေက ထင်ကြေးပေးနေကြပါတယ်။

play

 

- အာဆင်နယ်အသင်းဟာ ဒေါ့မွန်အသင်းရဲ့နောက်ခံကစားသမား ဆိုကရေးတစ်ပါပါစတာသိုပူးလော့စ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ Daily Mail က ရေးသားထားပါတယ်။ အာဆင်နယ်အသင်းရဲ့နည်းပြသစ် အူမရီဟာ ပါပါစတာသိုပူးလော့စ်ကို ပေါင် ၁၅ သန်းဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

play

 

- ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး မက်ဆီဟာ ဂျူဗင်တပ်အသင်းရဲ့ကွင်းလယ်ကစားသမား ပီဂျာနစ်ကို ခေါ်ယူပေးစေချင်နေကြောင်း Don Balon က ရေးသားထားပါတယ်။ ဘာစီလိုနာအသင်းဟာ နှစ်ပေါင်းများစွာ အသင်းအတွက် ကစားပေးခဲ့တဲ့ ဝါရင့်ကွင်းလယ်ကစားသမား အင်နီယေစတာကို ဆုံးရှုံးခဲ့ရပြီး ပီဂျာနစ်ဟာ အင်နီယေစတာရဲ့နေရာမှာ အစားထိုးနိုင်မယ့်သူတစ်ယောက်လို့ မက်ဆီက ယုံကြည်နေတာဖြစ်ပါတယ်။

play

 

- ရီးရဲမက်ဒရစ်အသင်းရဲ့တောင်ပံကစားသမား ဂါရတ်ဘေးလ်ဟာ ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေပြီး မန်ယူ ဒါမှမဟုတ် ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဂါရတ်ဘေးလ်ဟာ ယနေ့နံနက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လူစားဝင်ကစားပေးခဲ့ပြီး ချန်ပီယံလိဂ်ဖလားကိုင်မြှောက်နိုင်ဖို့အတွက် အရေးပါတဲ့ သွင်းဂိုး ၂ ဂိုးကို သွင်းယူပေးခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD