AD
AD
AD

မတ်လ ၁၇ ရက်နေ့၊ စနေနေ့ နံနက်ပိုင်းရဲ့ နောက်ဆုံးရရှိထားတဲ့ အပြောင်းအရွှေ့သတင်းများနဲ့ နောက်ဆုံးထွက်ပေါ်နေတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

play

 

- Diario Gol သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်စီးတီးအသင်းဟာ လာမယ့်နွေရာသီဈေးကွက်မှာ စပါးအသင်းမှ တိုက်စစ်မှူး ကိန်းနဲ့ ရီးရဲ ကွင်း လယ်ကစားသမား အစ္စကိုတို့ နှစ်ဦးစလုံးကို ခေါ်ယူနိုင်ရေး ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

play

- အေစီမီလန်ကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိအပြီးမှာတော့ အာဆင်နယ်အသင်းဟာ အေစီမီလန်အသင်းမှ လူငယ်တိုက်စစ်မှူး အန်ဒရေ ဆေးလ်ဗား ကိုမျက်စိကျသွားပြီလို့ သိရပါတယ်။

play

 

- မန်စီးတီး ဂွါဒီယိုလာကတော့ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဂရုဇ်မန်းကိုလည်း ခေါ်ယူနိုင်ရေး ကြိုးပမ်းနေတယ် လို့ သိရပါတယ်။

play

 

- ပီအက်စ်ဂျီ နည်းပြ အူနိုင်းအမ်ရီက ရီးရဲအသင်းအနေနဲ့ နေမာရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ပီအက်စ်ဂျီအသင်းထံ လာရောက်ဆွေးနွေးဖို့ လို တယ်လို့ ထုတ်ဖော်ပြောလိုက်ပါတယ်။

play

 

- ရီးရဲက ခေါ်ယူချင်နေတဲ့ ရိုးမားဂိုးသမား အယ်လီဆန်အတွက် လီဗာပူးက ပေါင် သန်း ၇၀ အထိ သုံးစွဲခေါ်ယူသွားမယ်လို့ ထုတ်ဖော်ပြောလာ ခဲ့ပါတယ်။

play

 

- စပိန်ကလာတဲ့ သတင်းတစ်ရပ်အရ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ လာမယ့်နွေရာသီမှာ ရီးရဲမက်ဒရစ်ကို သွားဖို့ သဘောတူ လိုက်ပြီလို့ သိရပါတယ်။

Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD