AD
AD
AD

မတ်လ (၂၀) ရက်နေ့၊ အင်္ဂါနေ့ နံနက်ပိုင်းရဲ့ နောက်ဆုံးရရှိထားတဲ့ အပြောင်းအရွှေ့သတင်းများနဲ့ နောက်ဆုံးထွက်ပေါ်နေတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

-  ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ နဲ့ ပီအက်စ်ဂျီအသင်းတို့က လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက်ဆာလာကို ခေါ်ယူဖို့အတွက် ကြိုးစားနေတယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။

play

 

-  အာဆင်နယ်အသင်းမှ ထွက်ခွာဖို့ နီးစပ်နေတဲ့ ကွင်းလယ်လူ အာရွန်ရမ်ဆေးကို မန်ယူနည်းပြ မော်ရင်ဟိုက ခေါ်ယူဖို့  စိတ်ဝင်စားနေကြောင်း Daily Star က ဖော်ပြထားပါတယ်။

play

 

-  ခရစ္စတယ်ပဲလေ့စ်အသင်းမှ တောင်ပံတိုက်စစ်ကစားသမား ၀ီဖရိုက်ဒ်ဇာဟာကို စပါးအသင်းက ပေါင် သန်း (၄၀) အထိ ပေးချေပြီး ခေါ်ယူရန်ကြိုးစားနေကြောင်း Daily Mail က ရေးသားထားပါတယ်။

play

 

- လေဗာကူဆင်အသင်းရဲ့ ဂိုးသမားဖြစ်သူ ဘားဒ်လန်နိုကို အာဆင်နယ်အသင်းမှ ပေါင် (၂၅)သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်းThe Sun က ဆိုပါတယ်။

play

 

- မန်ုယူအသင်းကို အကြီးစားပြင်ဆင်မှုတွေ ပြုလုပ်သွားဖို့အတွက် မော်ရင်ဟို ပြင်ဆင်နေပြီလို့ Don Balon က ဖော်ပြခဲ့ပါတယ်။ ဒီလိုမျိုး ပြင်ဆင်တဲ့အခါမှာတော့ အသင်းမှ ကစားသမား (၇) ယောက်ခန့်ကို ပြန်လည်ရောင်းချသွားဖွယ်ရှိကြောင်းလည်း အဆိုပါ သတင်းဌာနက ရေးသားခဲ့ပါတယ်။

play

 

- El Gol Digital ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ နေမာ နဲ့ ဇီဒန်းတို့ကို အလဲအလှယ်ပြုလုပ်ဖို့အတွက် ညှိနှိုင်းမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။ ဒါဟာ ကစားသမားတစ်ယောက် နဲ့ နည်းပြတစ်ယောက်ကို အလဲအလှယ်လုပ်ပြီး အသင်းကို ခေါ်ယူဖို့ ညှိနှိုင်းတာမျိုးဟာ ဖြစ်တောင့်ဖြစဲခဲ အခြေအနေတစ်ရပ်လည်း ဖြစ်ပါတယ်။

play

 

Source : Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD