AD
AD
AD

မတ်လ (၂၁) ရက်နေ့၊ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းရဲ့ နောက်ဆုံးရရှိထားတဲ့  ဘောလုံးသတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

- ပီအက်စ်ဂျီအသင်းရဲ့ အားကစားဒါရိုက်တာ အန်တီရိုဟင်းနရစ် နဲ့ ချယ်လ်ဆီးဂိုးသမား ကော်တွိုက်တို့ဟာ ပြီးခဲ့တဲ့လအတွင်းက တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တယ်လို့ Le Parisien က ဖော်ပြခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းအနေနဲ့ သူတို့အသင်းရဲ့ နံပါတ်တစ်ဂိုးသမား အယ်လ်ဖွန်ဆိုအာရီအိုလာရဲ့ နေရာမှာ အစားထိုးဖို့ ထိပ်တန်းဂိုးသမားတစ်ဦးကို ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။

play

 

- မန်ယူအသင်းမှာ ကစားသမားဘ၀ မတည်မငြိမ်ဖြစ်နေတဲ့ ဘယ်အစွန်နောက်ခံလူ လုခ်ရှောဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်လာနိုင်တယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ လုခ်ရှောဟာ ဒီနှစ် ဘောလုံးရာသီမှာ မန်ယူအတွက် ပုံမှန်ပွဲထွက်ကစားခွင့် ပျောက်ဆုံးနေသူဖြစ်ပြီး ပြီးခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာလည်း မော်ရင်ဟိုရဲ့ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရပါသေးတယ်။

play

 

- တိုက်စစ်မှူးမိုရာတာအနေနဲ့ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်မှာဖြစ်ကြောင်း ချယ်လ်ဆီးအသင်းဖော် ပတ်ဒရိုက ပြောကြားခဲ့ပါတယ်။ အက်ဖ်အေဖလားပွဲမှာ လက်စတာအသင်းဘက်ကို တစ်ဂိုးသွင်းယူခဲ့ပြီး ၂၀၁၈ အတွက် ပထမဆုံးသွင်းဂိုး ရယူနိုင်ခဲ့တဲ့ အသင်းဖော် တိုက်စစ်မှူးအပေါ် ပတ်ဒရိုက ယုံကြည်မှုရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

play

 

-  အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်သည် လီဗာပူးလ်အသင်းမှ လူငယ်နောက်ခံလူ အလက်ဇန္ဒားအာနိုးလ်ကို အသင်းနှင့်အတူ ပူးပေါင်းရန် ခေါ်ယူခဲ့သည်။ အင်္ဂလန်အသင်းအနေဖြင့် ကမ္ဘာ့ဖလားမတိုင်ခင် ခြေစမ်းပွဲများအဖြစ် နယ်သာလန်၊ အီတလီအသင်းတို့နှင့် ကစားမည်ဖြစ်ပြီး အဆိုပါပွဲစဉ်များအတွက် စိန့်ဂျောပတ်ကွင်းတွင် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

play

 

- တိုဂို၊ မော်လ်ဒိုဗာအသင်းတို့နှင့် ခြေစမ်းပွဲများ ကစားမည့် အိုင်ဗရီကို့စ်လက်ရွေးစင်အသင်းသည် ၀ါရင့်ကွင်းလယ်လူ ယာယာတိုရေး၏ အသင်းအတွက် ကစားပေးမည်၊ မပေးမည်ဆိုသည့် ဆုံးဖြတ်ချက်အပေါ် စောင့်မျှော်နေကြောင်း သိရသည်။ မူလက အိုင်ဗရီကို့စ်အသင်းအတွက် ယာယာတိုရေးကို ပါဝင်ကစားရန် ရွေးချယ်ခဲ့သော်လည်း ကစားသမားဘက်မှ ယခုအချိန်ထိ တစ်စုံတစ်ရာ အကြောင်းပြန်မှု မရှိသေးကြောင်းလည်း သိရသည်။

play

 

- လိုင်ယွန်တိုက်စစ်မှူး ဖယ်လ်ကီယာကို ခေါ်ယူရန် အာဆင်နယ် နှင့် လီဗာပူးလ်တို့က စိတ်ဝင်စားနေသည်ဟု ဖယ်လ်ကီယာ၏ အေးဂျင့်က ထုတ်ဖော်ပြောကြားလိုက်သည်။ ပြင်သစ်လီဂူးတွင် ၁၆ ဂိုးအထိ သွင်းယူထားသော လိုင်ယွန်ကစားသမားအနေဖြင့်လည်း အသင်းတွင် ပျော်ရွှင်နေသည်ဟု သူ၏ အေးဂျင့်က ပြောခဲ့သော်လည်း ရာသီကုန်ချိန်တွင် မည်သို့ဖြစ်လာမည်ဆိုသည်ကိုမူ သေချာပေါက် မပြောနိုင်ဟုလည်း ဖွင့်ဟခဲ့သည်။

 

Source : Goal.com, espn

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD