AD
AD
AD

မတ်လ ၂၅ ရက်နေ့၊ တနင်္ဂနွေနေ့ နံနက်ပိုင်းရဲ့ နောက်ဆုံးရရှိထားတဲ့ အပြောင်းအရွှေ့သတင်းများနဲ့ နောက်ဆုံးထွက်ပေါ်နေတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

play

 

- ချဲလ်ဆီးအသင်းရဲ့ နည်းပြတစ်ဦးအဖြစ် ကွန်တီကို ပီအက်စ်ဂျီအသင်းက လာမယ့်နှစ်မှာ လိဂ်(၁)ကလပ်အသင်းကို တာဝန်ယူ ကိုင်တွယ်ဖို့ ကိစ္စကို ဆွေးနွေးခဲ့တယ်လို့ သိရပြီး တစ်နှစ်လုပ်ခ ပေါင် ၁၀ သန်းအထိ ပေးချေဖို့ ရှိနေတယ်လို့ သိရပါတယ်။

play

- လီဗာပူးအသင်းဟာ ဆာလာကို တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းနဲ့ စာချုပ်သစ်ချုပ်ဖို့ ပြင်ဆင်နေသော်လည်း စပိန်ကလပ် ရီးရဲမက်ဒရစ်အသင်း ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

play

 

- စပိန်ကလာတဲ့ သတင်းတစ်ရပ်အရ မန်ယူနည်းပြ မော်ရင်ဟိုက သူ့ရဲ့ တပည့်ဟောင်း ခရစ္စတီယာနို ရော်နယ်ဒိုကို ခေါ်ယူဖို့ အလိုရှိနေတယ်လို့ သိရပါတယ်။

play

 

- လာမယ့်နှစ်မှာ အက်သလက်တီကို အသင်းဂိုးသမားဂျန့်အိုဘလန့်ကို ခေါ်ယူနိုင်ဖို့ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ အပြိုင်ကြိုးပမ်းနေတယ်လို့ သိရ ပါတယ်။

 

- လာမယ့်နှစ်မှာ နည်းပြမော်ရင်ဟိုအနေနဲ့ ငွေကြေးပိုမို သုံးစွဲနိုင်ဖို့ အသင်းမှ ကွင်းလယ်လူ ပေါ့ဂ်ဘာကို ရောင်းထုတ်သွားမယ်လို့ သတင်းထွက် ပေါ်လာပါတယ်။

play

 

- ရီးရဲအသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ပြီးပါက ဂါရတ်ဘေးလ်ကို ချဲလ်ဆီးအသင်းက ခေါ်ယူဖို့ အဆင်သင့်ပဲလို့ ထုတ်ပြန်ထားပါတယ်။

Source- Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD