အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်များကို ပြီးခဲ့တဲ့ အပတ်က ယှဉ်ပြိုင်ကစားအပြီးမှာတော့ ယခုတစ်ပတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ပြန်လည်စတင်ကစားမှာ ဖြစ်ပါတယ်။

ယခုတစ်ပတ်မှာတော့ အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုအဖြစ် လီဗာပူးနဲ့ မန်စီးတီးတို့ တွေ့ဆုံနေပြီး မန်ယူအသင်းကတော့ စတုတ်စီး တီးအသင်းနဲ့ ကစားရမှာပါ။

ယခုတစ်ပတ်မှာလည်း ဘယ်ကစားသမားတွေက အကောင်းဆုံးဖျက်ထုတ်မှုတွေကို ပြုလုပ်နိုင်မယ်ဆိုတာ စိတ်ဝင်စားဖွယ် ဆက်လက်စောင့် ကြည့်သွားရမှာ ဖြစ်ပြီး လက်ရှိအချိန်ထိ ဘောလုံးဖျက်ထုတ်မှု အများဆုံး ပြုလုပ်ထားနိုင်သူတွေကို ဖော်ပြပေးလိုက်ပါတယ်။

play

 

(၆) ရိုမီယို

ဆောက်သမ်တန်အသင်းရဲ့ ကွင်းလယ်ကစားသမား ရိုမီယိုအနေနဲ့ အသင်းနဲ့အတူ တိကျသေချာတဲ့ ဖျက်ထုတ်မှုပေါင်း ၆၁ ကြိမ်အထိ ပြုလုပ် ထားနိုင်ကာ ပွဲစဉ် ၂၂ ပွဲကစားအပြီးမှာ အသင်းကို ရမှတ် ၂၀ အထိ ရရှိအောင် စွမ်းဆေင်ပေးထားနိုင်သူ ဖြစ်ပါတယ်။

play

 

(၅) ဇာဘလာတာ

ယခုနှစ်ရာသီ မန်စီးတီးကနေ ၀က်စ်ဟမ်းအသင်းမှာ ကစားနေတဲ့ အာဂျင်တိုင်းကစားသမား ဇာဘလာတာကတော့ သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ဆက်လက်ပြသနေနိုင်ဆဲ ဖြစ်ပါတယ်။ ၂ရာသီ စာချုပ်နဲ့ ခေါ်ယူထားသူ ဖြစ်ပြီး အသင်းအတွက် တိကျသေချာတဲ့ ဖျက်ထုတ်မှု ၆၅ ကြိမ်အထိ ပြု လုပ်ထားနိုင်ကာ စွမ်းရည်မြင့်မားတဲ့ နောက်ခံလူ တစ်ဦးဆိုတာ သက်သေပြနေဆဲ ဖြစ်ပါတယ်။

play

 

(၄) ကန်တေ

ချဲလ်ဆီးအသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားကန်တေကတော့ လက်ရှိမှာ ဒဏ်ရာကြောင့် အနားယူနေခဲ့ရရာမှ ပြန်လည်သက်သာလာပြီ လည်း ဖြစ်ပါတယ်။သူဟာ အသင်းအတွက် အရေးပါဆုံးကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာ နည်းပြ ကွန်တီ အနေနဲ့ အကောင်းဆုံး နား လည်နိုငဖို့ အတွက်ကတော့ သူဟာ အသင်းအတွက် တိကျတဲ့ ဖျက်ထုတ်မှုပေါင်း ၆၅ ကြိမ် ပြုလုပ်ထားနိုင်ပြီး ယနေ့ ကစားမယ့် လက်စတာနဲ့ ပွဲမှာ ဘယ်နှစ်ကြိမ် ထပ်မံ ပြုလုပ်နိုင်အုံးမလဲဆိုတာ ဆက်လက်စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

play

 

(၃) အာရွန်မွိုင်း

တန်းတက် ဟက်ဒါဖီးလ်တောင်းရဲ့ မာစတာ ကစားသမားတစ်ယောက်လို့ ဆိုရမယ့် အာရွန်မွိုင်းကတော့ နာမည်ကြီး မန်ယူကို ၂-၁ ဂိုးနဲ့ အနိုင်ရ ခဲ့တဲ့ ပွဲမှာလည်း တစ်ဂိုးသွင်းယူနိုင်ခဲ့သူပါ။သူ့ရဲ့ စွမ်းရည်မြင့် ဖျက်ထုတ်မှုပေါင်း အကြိမ် ၆၆ ကြိမ်ဟာ အသင်းကို အဆင့် ၁၁ အထိ ရပ်တည် ထားနိုင်စေတယ်လို့ပဲ ယူဆရမှာပါ။

play

 

(၂) ဂူယီ

အဲဗာတန်အသင်းအနေနဲ့ အဆင့် ၉ နေရာမှာ ရမှတ် ၂၇ မှတ်ရပ်တည်ထားနိုင်တာ ဂူယီရဲ့ စွမ်းဆောင်ရည်တွေကို မေ့ထားလို့မရပါဘူး။ဒီ ဆီနီဂေါ ကွင်းလယ်ကစားသမားအနေနဲ့ အသင်းအတွက် အရေးပါတဲ့ ဖျက်ထုတ်မှုပေါင်း ၇၃ ကြိမ်အထိ ပြုလုပ်ထားနိုင်တာလည်း ဖြစ်ပါတယ်။

play

 

(၁) အန်ဒီဒီ

လက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား အန်ဒီဒီအနေနဲ့ အရေးပါတဲ့ ကစားသမားတစ်ယောက်ဆိုတာ နည်းပြတစ်ယောက်အနေနဲ့ သိ သင့်ပါတယ်။ဘာလို့လဲဆိုတော့ သူဟာ အသင်းနဲ့အတူ ဖျက်ထုတ်မှုပေါင်း ၉၁ ကြိမ်အထိ ပြုလုပ်ထားကာ လက်ရှိ ပရီးမီးယားလိဂ် ကစားသမား တွေထဲမှာ ဖျက်ထုတ်မှု အကြိမ်အများဆုံး ပြုလုပ်ထားနိုင်သူဖြစ်တယ်လို့ မှတ်တမ်းတွေအရ သိရှိရလို့ပါပဲ။

Source- SOKKAA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video