AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ ယခုရာသီမှာအသင်းအတွက် အံ့အားသင့်ဖွယ်လက်စွမ်းပြကစားပေးနေတဲ့ ဂိုးသမား ဒီဂီယာကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ ရီးရဲမက်ဒရစ်အသင်းရဲ့လုပ်ရပ်ဟာ အချိန်ဖြုန်းနေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

ဒေးဗစ်ဒီဂီယာဟာ ၂၀၁၁ ခုနှစ်က အက်သလက်တီကိုမက်ဒရစ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ရောက်ရှိလာတဲ့ ဂိုးသမားဖြစ်ပြီး စတင်ရောက်ရှိချိန်က အမြင်အာရုံပိုင်းအနည်းငယ် ချို့ယွင်းနေတာကြောင့် အဝေးကန်သွင်းချက်တွေကို ဂိုးမကြာခဏ ပေးခဲ့ရတဲ့အတွက် ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ရီးရဲမက်ဒရစ်အသင်းကို ရောက်ရှိဖို့နီးစပ်ခဲ့ပေမယ့် အပြောင်းအရွှေ့နောက်ဆုံးအချိန်မှာ သဘောတူညီမှုမရရှိဘဲ ပျက်ပြယ်သွားခဲ့တာဖြစ်ပါတယ်။

play

 

လက်ရှိအချိန်မှာတော့ မန်ယူအသင်းမှာ အကောင်းဆုံးလက်စွမ်းပြနေပြီး ကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးအပါအဝင်ဖြစ်နေပြီဖြစ်တာကြောင့် လာလီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ရီးရဲမက်ဒရစ်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ဒေးဗစ်ဒီဂီယာဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လာမယ့် ၂၀၁၉ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုက ဒီဂီယာအနေနဲ့ မန်ယူမှာပဲ ဆက်လက်ရှိနေမယ်လို့ ယုံကြည်ချက်ရှိနေပြီး ဒီဂီယာကို ခေါ်ယူဖို့ကြိုးစားနေတဲ့ ရီးရဲမက်ဒရစ်အသင်းကို သတိပေးစကားပြောကြားလိုက်ပါတယ်။

"သူ ဒီမှာပဲ ဆက်ရှိနေမယ်လို့ ထင်ပါတယ်"

"ရီးရဲမက်ဒရစ်အသင်းရဲ့ရည်ရွယ်ချက်က ဘာလဲတော့ ကျွန်တော် မသိဘူး။ ဒါပေမယ့် သူတို့နေရာမှာ ကျွန်တော်သာဆိုရင် တခြားကစားသမားကိုပဲ စဉ်းစားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: DM

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD