AD
AD
AD

ပီအက်စ်ဂျီအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး နေမာဟာ မိမိရဲ့ကစားသမားဘဝအတွက် ဆုံးဖြတ်ချက်ကို ဖခင်ဖြစ်သူက ချမှတ်ပေးတာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

play

 

ပီအက်စ်ဂျီအသင်းနဲ့ ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူး နေမာက ဖခင်ဖြစ်သူကို ချီးကျူးစကားပြောကြားခဲ့ပြီး မိမိရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ကိုယ်တိုင်ချမှတ်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ နေမာဟာ ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ယခုနွေရာသီမှာ ရီးရဲမက်ဒရစ်အသင်းထံ ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ပေါ်နေသူဖြစ်ပါတယ်။

play

 

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နေမာက မိမိရဲ့ဖခင်ဟာ မိမိရဲ့အကြံပေးအဖြစ်ရော၊ အေးဂျင့်အဖြစ်ပါ ဆောင်ရွက်ပေးနေသူဖြစ်ပေမယ့် မိမိရဲ့ ကစားသမားဘဝနဲ့သက်ဆိုင်တဲ့ဆုံးဖြတ်ချက်က မိမိလက်ထဲမှာသာရှိတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

"ကျွန်တော့်အဖေက ကျွန်တော့်ရဲ့ကစားသမားဘဝအတွက် ဆုံးဖြတ်ချက်ပေးတဲ့သူမဟုတ်ပါဘူး။ အဲဒါနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချနိုင်တာ ကျွန်တော်ပါ"

"သူက အကောင်းဆုံးအကြံပေးတစ်ယောက်ပါ။ အဲဒီအတွက် ကျွန်တော် မေးစရာရှိတာ မေးလို့ရတယ်။ နောက်ဆုံးမှာတော့ ကျွန်တော့်ရဲ့အဆုံးအဖြတ်က အတည်ပါ"

"ကျွန်တော့်အဖေက ဘောလုံးနဲ့သက်ဆိုင်တဲ့အခြားကိစ္စတွေကို သေချာဂရုစိုက်ပေးပါတယ်။ အဲဒါကြောင့် ကျွန်တော့်ရဲ့အလုပ်တစ်ခုတည်းအပေါ်မှာပဲ အာရုံစိုက်နိုင်တာပါ"လို့ ပြောကြားခဲ့ပါတယ်။

play

 

နေမာဟာ ပီအက်စ်ဂျီအသင်းနဲ့ ပထမဆုံးရာသီမှာ ၂၈ ဂိုးအထိ သွင်းယူပေးခဲ့ပြီး မာဆေးလ်နဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူခဲ့ရသူဖြစ်ပါတယ်။ နေမာဟာ လက်ရှိအချိန်မှာ ဒဏ်ရာကနေ ပြန်လည်သက်သာနေပြီဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးအသင်းအတွက် ကစားပေးနိုင်လောက်တဲ့အထိ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာဖို့ လေ့ကျင့်ရေးတွေ ပြုလုပ်နေသူဖြစ်ပါတယ်။

Source & Photos: Fotmob

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD