AD
AD
AD

အားကစားကုမ္ပဏီ ပူးမားက ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပြိုင်ပွဲဝင်အသင်း ၁၀ သင်း ၀တ်ဆင်မယ့် အဝေးကွင်းဂျာစီများကို ထုတ်ဖော်ပြသခဲ့ရာမှာ ၀တ်စုံအားလုံးမှာ အဖြူရောင်များ ဖြစ်နေခဲ့ပါတယ်။

play

 

ပြီးခဲ့တဲ့ တနင်္လာနေ့က ဖော်ပြခဲ့တာဖြစ်ပြီးအဆိုပါ ၀တ်စုံများကို နိုင်ငံအသင်းများအနေနဲ့ ယခုလအတွင်း ကစားမယ့် ခြေစမ်းပွဲများမှာ စတင် အသုံးပြုသွားကြမယ်လို့လည်း သိရပါတယ်။

play

ဆွစ်ဇာလန်အသင်းအနေနဲ့ လာမယ့် မတ်လ ၂၃ ရက်နေ့မှာ ဂရိအသင်းနဲ့ ကစားမယ့် အဝေးကွင်းခြေစမ်းပွဲမှာ Puma က ထုတ်လုပ်ထားတဲ့ အဝေးကွင်း ဂျာစီအဖြူရောင်ကို ၀တ်ဆင်သွားမယ်လို့လည်း အတည်ပြုထားပါတယ်။

ယခု ထုတ်လုပ်လိုက်တဲ့ ဒီဇိုင်းအသစ်ကို Puma အနေနဲ့ ကမ္ဘာ့ဖလား ၀င်ပြိုင်မယ့် အသင်း ၁၀ သင်းအတွက် ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပြီး အာဖရိ ကတိုက်မှ ဂါနာ၊အိုင်ဗရီကို့စ်၊ကင်မရွန်းနဲ့ ဆီနီဂေါအသင်းများအတွက်လည်း ပါဝင်လာခဲ့ပါတယ်။

အခြား အသင်းများအဖြစ် ဥရုဂွေး၊ဆွစ်ဇာလန်၊ဆားဘီးယားအသင်းတို့ဖြစ်ပါတယ်။

play

 

ဒါ့အပြင် ကမ္ဘာ့ဖလား ခြေစစ်ပွဲမအောင်မြင်ခဲ့တဲ့ သြစတြီးယား၊အီတလီနဲ့ ချက်အသင်းတို့အတွက်လည်း ပါဝင်ထုတ်လုပ်ပေးခဲ့ပါတယ်။

ယခု ဂျာစီ ဒီဇိုင်များရဲ့ ထူးခြားချက်မှာ အဝေးကွင်း ၀တ်စုံ ၁၀ ထည်စလုံးကို အဖြူရောင်ကို အခြခံထားပြီး ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတာ လည်း ဖြစ်ပါတယ်။

ဂျာစီတိုင်းရဲ့ ကော်လံမှာ နိုင်ငံတွေရဲ့ ကိုယ်စီအလံအရောင်များကို ဒီဇိုင်းဖော်ထားပြီး ယင်းကဲ့သို့ ထုတ်လုပ်ထားမှုအပေါ် Puma က ထုတ်ပြန် ထားရာမှာတော့ - " ယခုထုတ်လုပ်ခဲ့တဲ့ ဒီဇိုင်းဟာ evoKNIT  ရဲ့ ဒီဇိုင်းကို ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ဂျာစီရဲ့ အားသာချက်က တော့ နေပူဒဏ်ကို ကြံ့ကြံ့ခံနိုင်ပြီး အအေးစနစ်ကို ထည့်သွင်းထုတ်လုပ်ထားတာလည်း ဖြစ်ပါတယ်။ဒီလို ထည့်သွင်းထားပေးခြင်းဖြင့် ကွင်း အတွင်း အပူဒဏ်ကြောင့် ဖြစ်ပေါ်လာစေမယ့်ဆိုးကျိုးတွေကို လျော့နည်းစေမှာလည်း ဖြစ်ပါတယ်။" လို့ ထုတ်ပြန်ထားပါတယ်။

ဆက်လက်ပြီး Puma ရဲ့ အားကစားဒါရိုက်တာစတီဖာနို ဖေဘာနိုက- " ကျွန်တော်တို့ ဂျာစီကို ၀တ်ဆင်ပြီး ကစားမယ့် နိုင်ငံတိုင်းက နိုင်ငံကို ကိုယ်စားပြုနေတဲ့ အရောင်တွေ ကာလာတွေကို ၎င်းတို့ ၀တ်ဆင်ထားတဲ့ အကျီ င်္ရဲ့ထိပ်ဆုံးမှာ ရေးဆွဲထားတာကို တွေ့မြင်နိုင်မှာပါ။အခုလို အဖြူရောင်တွေချည်း ထုတ်လုပ်ရတဲ့အကြောင်းကလည်း အသင်းသားတွေ ပရိသတ်တွေအနေနဲ့ အောင်ပွဲခံတဲ့အခါမှာ အလံတွေ ကြားမှာ ပိုမို ပေါ်လင်စေလို့" ဆိုပြီး ရှင်းလင်းပြောခဲ့ပါတယ်။

Puma ကထုတ်လုပ်ခဲ့တဲ့ အဆိုပါ အဝေးကွင်းဂျာစီ ၁၀ မျိုးတွင် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့ နိုင်ငံ ၇ နိုင်ငံနဲ့ မအောင်မြင်ခဲ့တဲ့ ၃ နိုင်ငံ စုစုပေါင်း ၁၀နိုင်ငံအတွက် ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD