AD
AD
AD

ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူးနေမာဟာ ကမ္ဘာ့အကောင်းဆုံးကစားသမား ၂ ဦးဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ နှစ်ဦးထဲက ဘယ်သူက ပိုကောင်းလဲဆိုတဲ့ စကားစစ်ထိုးပွဲထဲကို ဝင်ရောက်ခဲ့ပါတယ်။

play

 

နေမာဟာ မက်ဆီ ဘာစီလိုနာအသင်းကို ဦးဆောင်ပြီး အောင်မြင်မှုများစွာ ရယူပေးနိုင်ခဲ့သလို ပီအက်စ်ဂျီအသင်းနဲ့ ဘရာဇီးအသင်းကို ဆုဖလားတွေ ရယူပေးနိုင်တဲ့ကစားသမားလို့ ယူဆခြင်းခံထားရသူဖြစ်ပါတယ်။ မက်ဆီနဲ့ ရော်နယ်ဒိုတို့ နှစ်ဦးထဲမှာ ဘယ်သူက ပိုကောင်းမွန်တဲ့ ကစားသမားလဲဆိုတဲ့ မေးခွန်းကို နေမာက အခုလိုဖြေကြားခဲ့ပါတယ်။

play

"ကျွန်တော် ရော်နယ်ဒိုကို သူရေးထိုးနိုင်ခဲ့တဲ့ သမိုင်းတွေအများကြီးရှိတဲ့အတွက် လေးစားပါတယ်"

"သူက ကျွန်တော့်အတွက် စံထားရတဲ့ပုဂ္ဂိုလ်တစ်ဦးပါ။ ပြီးခဲ့တဲ့ဆယ်နှစ်စလုံး သူ ထိပ်ဆုံးမှာပဲ ရပ်တည်ပြီး အချိန်တွေ ကုန်ဆုံးနိုင်ခဲ့ပါတယ်။ မက်ဆီ လိုမျိုးပေါ့။ ကျွန်တော်တို့အားလုံး သူတို့လို ကောင်းမွန်အောင် အတုယူသင့်ပါတယ်"

"ပြီးတော့ ရီးရဲမက်ဒရစ်အသင်းမှာ ကစားသမားကောင်းတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ ရော်နယ်ဒိုတစ်ယောက်တည်းကိုပဲ အာရုံစိုက်လို့ မရပါဘူး"

"ကျွန်တော် ပဲရစ်ကို သမိုင်းတစ်ခုရေးထိုးဖို့ လာရောက်ခဲ့တာပါ။ ဒါပေမယ့် ကောလာဟလတွေက ကျွန်တော့်ကို ထွက်ခွာသွားစေချင်နေကြပုံပါပဲ။ ကျွန်တော် ပျော်ရွှင်နေပါတယ်။ အေးဆေးပါပဲ။ ဘာမှ ပြောစရာမရှိပါဘူး အဲဒါနဲ့ပတ်သက်ပြီးတော့။ ကောလာဟလတွေ ပျောက်သွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

play

 

နေမာဟာ လက်ရှိအချိန်မှာ ဒဏ်ရာကြောင့် ခွဲစိတ်ကုသမှုခံယူထားပြီး ပီအက်စ်ဂျီအသင်းရဲ့ပွဲစဉ်တွေကို ရာသီကုန်အထိ လွဲချော်မယ်လို့ သိရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဘရာဇီးအသင်းအတွက် ကစားပေးနိုင်ဖို့ မသေချာမရေရာဖြစ်နေတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD