AD
AD
AD

Le Parisien ရဲ့ရေးသားချက်အရ ပီအက်စ်ဂျီအသင်းရဲ့ကြယ်ပွင့်ကစားသမား နေမာက အသင်းရဲ့ဘုတ်အဖွဲ့ကို လာမယ့်နွေရာသီမှာ ဘာစီလိုနာအသင်းရဲ့နည်းပြဟောင်း လူးဝစ်အန်းနရစ်ကို နည်းပြအဖြစ် ခန့်အပ်ဖို့ အကြံပေးခဲ့တယ်လို့ သိရပါတယ်။

play

 

လက်ရှိအသင်းရဲ့နည်းပြ အူမရီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးရဲမက်ဒရစ်အသင်းကို နှစ်ကျော့စလုံး ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့အထိ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ရာသီကုန်မှာ နည်းပြရာထူးကနေ ထုတ်ပယ်ခံရတော့မှာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းပိုင်ရှင် နက်ဆာအယ်ခါလီဖီဟာ မကြာသေးမီကမှ နေမာရဲ့အနာဂတ်နဲ့ပတ်သက်ပြီး စကားပြောဆိုခဲ့တယ်လို့ သိရပြီး နေမာနဲ့ အထူးတလည်ဆွေးနွေးခဲ့တဲ့ကိစ္စတွေထဲမှာ နည်းပြအသစ်ခန့်အပ်ဖို့ကိစ္စလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

play

 

နေမာက မိမိအနေနဲ့ ဘာစီလိုနာအသင်းမှာ ကစားခဲ့စဉ်က လူးဝစ်အန်းနရစ်ရဲ့လက်အောက်မှာ ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေ ပိုင်ဆိုင်ခဲ့တယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ လူးဝစ်အန်းနရစ်ဟာ ဘာစီလိုနာအသင်းကို ကိုင်တွယ်ခဲ့စဉ်က မက်ဆီထက် နေမာကို ပိုပြီး အရေးပေးပြီး အသင်းရဲ့အရေးပါတဲ့အခန်းကဏ္ဍမှာ နေမာကို နေရာပေးခဲ့တယ်လို့ စွပ်စွဲခြင်းကို ခံထားရသူဖြစ်ပါတယ်။ လူးဝစ်အန်းနရစ်ဟာ ဘာစီလိုနာအသင်းအတွက် ဆုဖလား ၉ လုံးရယူပေးခဲ့ပြီး ပီအက်စ်ဂျီအသင်းရဲ့အလိုချင်ဆုံးဆုဖလားဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားလည်း အပါအဝင်ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD