AD
AD
AD

ပီအက်စ်ဂျီအသင်းရဲ့ကြယ်ပွင့်ကစားသမား နေမာဟာ လာမယ့် ၁၅ ရက်နေ့မှာ ရီးရဲမက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မတိုင်မီ ရီးရဲမက်ဒရစ်အသင်းရဲ့ကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုကို ဘာကြောင့်လေးစားရသလဲဆိုတာကို ပြောပြခဲ့ပါတယ်။

play

 

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နေမာဟာ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့အဆင့်ကို ရောက်ရှိဖို့ ကြိုးစားနေတာ နီးစပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

"ကျွန်တော် ရော်နယ်ဒိုကို အရမ်းလေးစားမိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ဘောလုံးသမိုင်းကို ရေးထိုးနိုင်ခဲ့လို့ပါ"

"သူက ဆယ်နှစ်ကြာ ပြိုင်ပွဲတွေရဲ့ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ကျွန်တော်လည်း အဲဒီလိုကစားသမားတွေအတိုင်း ဖြစ်လာအောင် ကြိုးစားနေပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

play

ပီအက်စ်ဂျီအသင်းဟာ လာမယ့်နှစ်ပတ်မှာ ရီးရဲမက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆုံတွေရမှာဖြစ်ပြီး နေမာက ရော်နယ်ဒိုတစ်ဦးတည်းကိုသာ စိုးရိမ်ရမယ့်ကိစ္စမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

"ရီးရဲမက်ဒရစ်အသင်းမှာ ရော်နယ်ဒိုတစ်ယောက်တည်းရှိတာမဟုတ်ပါဘူး။ သူရယ်၊ ပြီးတော့ တခြားကစားသမားကောင်းတွေက အန္တရာယ်ရှိတဲ့အခြေအနေကို ဖန်တီးနိုင်ပါတယ်"

"ဒီပွဲက နောက်ဆုံးပြိုင်ပွဲဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ ဒါပေမယ့် ဒီတစ်ခုက ကျွန်တော်တို့အပေါ်ကို လျင်လျင်မြန်မြန်နဲ့ ကျရောက်စေပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: SL

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD