AD
AD
AD

ကမ္ဘာကျော် အားကစားကုမ္ပဏီတစ်ခုဖြစ်တဲ့ Nike ရဲ့ တရားဝင် ၀က်ဘ်ဆိုဒ်မှာ လီဗာပူး ကွင်းလယ်ကစားသမား ကော်တင်ဟိုတစ်ယောက် ဘာစီလိုနာကို ရောက်ရှိတော့မယ် ဆိုပြီး ရေးသားဖော်ပြထားတာ တွေ့ရှိရပါတယ်။

play

 

အသက် ၂၅ နှစ်အရွယ်သာ ရှိသေးတဲ့ အဆိုပါ ဘရာဇီး ကွင်းလယ်ကစားသမား ကော်တင်ဟိုကို ဘာစီလိုနာအသင်းက ခေါ်ယူနိုင်ဖို့ ပြီးခဲ့တဲ့ နွေရာသီကတည်းက ကြိုးပမ်းခဲ့တာလည်း ဖြစ်ပါတယ်။

Nike ရဲ့ ရေးသားဖော်ပြထားချက်မှာတော့-" ကော်တင်ဟိုအနေနဲ့ ဘာစီလိုနာကို လာရောက်ဖို့အတွက် အဆင်သင့်ရှိလို့နေခဲ့ပါပြီ။ ဘာစီလိုနာ အသင်းရဲ့ ဂျာစီမှာ ကော်တင်ဟိုနာမည်ကို ဖော်ပြလာတော့မှာ ဖြစ်တယ်။"လို့ ရေးသားဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အချို့သော သတင်းတွေမှာတော့ ကော်တင်ဟို ဘာစီလိုနာကို မရောက်လာနိုင်ဘူးလို့ ရေးသားဖော်ပြမှုတွေ ရှိနေခဲ့ပြန်ပါတယ်။

ယခုလို သတင်းထွက်ပေါ်လာတဲ့ Nike ကုမ္ပဏီမှာ ဘာစီလိုနာအသင်း ၀တ်ဆင်နေတဲ့ ဂျာစီကို စပွန်ဆာပေးအပ်ထားတဲ့ ကုမ္ပဏီလည်း ဖြစ်တာကြောင့် ဇန်န၀ါရီမှာ ကော်တင်ဟိုရဲ့ အပြောင်းအရွှေ့ ဖြစ်ပေါ်လာမလားဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD