AD
AD
AD

စပိန်လာလီဂါ အသင်းကြီးဖြစ်တဲ့ ရီးရဲမက်ဒရစ်အသင်းနဲ့ ကမ္ဘာ့အမျိုးသားသုံးအသားအရေထိန်းသိမ်းရေးပစ္စည်းထုတ်လုပ်သူဖြစ်တဲ့ Nivea Men တို့ဟာ နိုင်ငံပေါင်း ၇၀ မှာ အကျိုးတူပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ဖို့အတွက် ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ကြတယ်လို့ သိရပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းနဲ့ Nivea Men တို့ဟာ ၂၀၁၃ ခုနှစ်ကတည်းက အောင်မြင်တဲ့စီးပွားဖက်တွေ ဖြစ်ခဲ့ကြပြီး ယခုအခါမှာတော့ Beiersdorf ဥက္ကဌ Stefan F. Heidenreich နဲ့ ရီးရဲမက်ဒရစ်အသင်းဥက္ကဌ ပီးရက်ဇ်တို့ဟာ ကမ္ဘာတစ်ဝန်း ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်ဖို့အတွက် သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။

play

 

"ခေတ်မီဘောလုံးအားကစားနဲ့ အမျိုးသားသုံးအသားအရေထိန်းသိမ်းရေးပစ္စည်းတို့ဟာ ယုံကြည်မှု၊ ရင်းနှီးခင်မင်မှု၊ စိတ်အားထက်သန်မှုနဲ့ ကျွမ်းကျင်မှုတို့ကို ကိုယ်စားပြုတာကြောင့် ခွဲခြားလို့မရတဲ့အရာတွေပါ။ ဒါကြောင့် ရီးရဲမက်ဒရစ်အသင်းနဲ့အတူ ကမ္ဘာအနှံ့ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ဖို့အတွက် ကျွန်တော်တို့ အရမ်းစိတ်လှုပ်ရှားမိပါတယ်"လို့ Beiersdorf ဥက္ကဌ Stefan F. Heidenreich က ပြောကြားခဲ့ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းဟာ ကမ္ဘာတစ်ဝန်းက ပရိသတ်ပေါင်း သန်း ၅၀၀ ကျော်ရဲ့အားပေးမှုကို ရရှိထားတဲ့ လာလီဂါထိပ်သီးအသင်းကြီးဖြစ်ပြီး FORBES မဂ္ဂဇင်းစစ်တမ်းအရ ၂၀၁၃ ကနေ ၂၀၁၆ အတွင်း အသင်းရဲ့ Brand တန်ဖိုး အမြင့်မားဆုံး ရရှိထားတဲ့အသင်းဖြစ်ပါတယ်။

"ကမ္ဘာအနှံ့က အမျိုးသားတွေဟာ ဘောလုံးအားကစားအပေါ် ဝါသနာကြီးပုံခြင်း တူကြပါတယ်။ ဒါကြောင့် Nivea Men နဲ့ ရီးရဲမက်ဒရစ်အသင်းတို့ အကျိုးတူပူးပေါင်းလိုက်တာဟာ ကုန်ပစ္စည်းအမှတ်တံဆိပ်နဲ့ သူ့ရဲ့ပစ်မှတ် ဝယ်ယူသူအမျိုးသားတွေရဲ့ကြားမှာ စိတ်လှုပ်ရှားစရာကောင်းပြီး အားကောင်းတဲ့ ရင်းနှီးမှုကို ပေးစွမ်းနိုင်မှာပါ"လို့ Beiersdorf AG ရဲ့ ဥရောပဒေသအမှုဆောင်ဖြစ်တဲ့ Thomas Ingelfinger က မှတ်ချက်ပြုခဲ့ပါတယ်။

play

 

အမျိုးသားထုရဲ့ ၇၁ ရာခိုင်နှုန်းက သူတို့ကြိုက်နှစ်သက်တဲ့ အောင်မြင်ကျော်ကြားသူတွေ အသုံးပြုတဲ့ အမှတ်တံဆိပ်နဲ့ကုန်ပစ္စည်းတွေရဲ့အရည်အသွေးကို ယုံကြည်ကြပါတယ်။ ကြိုတင်ပြင်ဆင်ခြင်းဟာ မိမိကိုယ်ကိုယ် ယုံကြည်ခြင်းရဲ့အခြေခံအုတ်မြစ်ဖြစ်တာကြောင့် အမျိုးသားတွေရဲ့နေ့စဉ် ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ကြိုတင်ပြင်ဆင်ပြီး မိမိရဲ့စွမ်းရည်ကို ထုတ်ဖော်ပြသနိုင်ဖို့အတွက် ရီးရဲမက်ဒရစ်အသင်းနဲ့ Nivea Men တို့က ကမ္ဘာအနှံ့ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ကြတာဖြစ်ပါတယ်။

play

လေ့လာတွေ့ရှိချက်တွေအရ အမျိုးသားတွေရဲ့ ၇၉ ရာခိုင်နှုန်းဟာ အားကစားသမားတွေရဲ့ကြိုတင်ပြင်ဆင်မှုဟာ သူတို့ကိုယ်ပိုင်ကြိုတင်ပြင်ဆင်မှုနဲ့ လုပ်ဆောင်ချက်တွေမြှင့်တင်နိုင်ဖို့အတွက် လှုံ့ဆော်အားပေးနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် Nivea Men အနေနဲ့ ရီးရဲမက်ဒရစ်အသင်းသားတွေရဲ့ ပြိုင်ပွဲနောက်ကွယ်က ကြိုတင်ပြင်ဆင်မှုတွေကို အသားပေးတင်ဆက်သွားမှာဖြစ်ပါတယ်။

play

 

Nivea Men ဟာ ရီးရဲမက်ဒရစ်ကစားသမားတွေ ဦးဆောင်ပါဝင်မယ့် ဈေးကွက်လှုပ်ရှားမှုတွေကို တီဗီ၊ ကွင်းအတွင်းလှုပ်ရှားမှုတွေနဲ့ ဆိုရှယ်မီဒီယာကနေ တစ်ဆင့် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ ရီးရဲမက်ဒရစ်ကစားသမားတွေဖြစ်တဲ့ ရာမို့စ်၊ မာဆယ်လို၊ အစ်စကိုနဲ့ လူးကပ်ဗက်စ်ကွက်တို့ရဲ့ ပြိုင်ပွဲမစတင်မီ အဝတ်လဲခန်းအတွင်းမှာ ကြိုတင်ပြင်ဆင်ကြတဲ့ ပုံရိပ်တွေပါဝင်တဲ့ ဗီဒီယိုကို စတင်မိတ်ဆက်မှာဖြစ်ပါတယ်။ ကမ္ဘာကျော် Brand နှစ်ခုရဲ့ ဒီဂျစ်တယ်လွှမ်းမိုးမှုကြောင့် လူမှုကွန်ရက်လှုပ်ရှားမှုတွေဟာ ဝယ်ယူသူတွေရဲ့စိတ်ဝင်စားမှုကို မြှင့်တင်ရာမှာ အဓိကဖြစ်လာမှာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD